Saturday, November 29, 2014

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြီး) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း 15 th ASEAN Chiefs of Army Multilateral Meeting (ACAMM-15) အစည်းအဝေးသို့တက်ရောက်


နေပြည်တော် နိုဝင်ဘာ ၂၈

ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိ နေသော ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နိုဝင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ဟနွိုင်းမြို့ရှိ Melia Hotel Grand Ballroom ၌ကျင်းပပြုလုပ်သော 15 th ASEAN Chiefs of Army Multilateral Meeting (ACAMM-15) အစည်း အဝေးသို့တက်ရောက်သည်။


အစည်းအဝေးတွင် ရှေးဦးစွာ ဗီယက်နမ် ပြည်သူ့တပ်မတော် စစ်ဦးစီးချုပ် ဒုတိယကာကွယ်ရေး ဝန်ကြီး Sr. Lt. Gen Do Ba Ty ကြိုဆိုနှုတ်ခွန်းဆက်ခြင်းနှင့် အဖွင့် အမှာစကားပြောကြားပြီး အစည်း အဝေး တက်ရောက်လာကြသူများ သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။ ထို့နောက်အစည်း အဝေးကို ဆက်လက်ကျင်းပရာ ဗီယက်နမ် ပြည်သူ့တပ်မတော် ဒုတိယစစ်ဦးစီးချုပ် Lt. Gen. Nguyen Quoc Khanh မှ အစည်း အဝေးသဘာပတိအဖြစ် ဆောင် ရွက်ပြီး အဆိုပါ (ACAMM-15) အစည်းအဝေးသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့်အတူ ဘရူနိုင်း နိုင်ငံ တော်ဝင်တပ်မတော်ကြည်း တပ်ဦးစီးချုပ် Brigadier General Dato Seri Pal lawan Haji Yussof Bin Haji Abd Rahman ၊ ကမ္ဘောဒီးယားနိုင်ငံ တော်ဝင် တပ်မတော် ဒုတိယကြည်းတပ် ဦးစီးချုပ် General Meas Sophea ၊ အင်ဒိုနီးရှားနိုင်ငံ တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Gatot nurmantyo၊ လာအိုနိုင်ငံ ပြည်သူ့တပ်မတော် ကြည်းတပ်ဦးစီးချုပ် Brigadier General Khamlieng Outha- kasone ၊ မလေးရှားနိုင်ငံတပ်မတော် ကြည်းတပ်ဦးစီးချုပ်General Tan Sri Raja Mohamed Affandi Binraja Mohamed Noor ၊ ဖိလစ်ပိုင်တပ်မတော် ကြည်းတပ် ဦးစီးချုပ် Lt. Gen. Hernado DCA Iriberri AFP ၊ စင်ကာပူနိုင်ငံ တပ်မတော် ကြည်းတပ်ဦးစီးချုပ် Maj. Gen. Perry Lim Cheng Yeow နှင့် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် Gen. Udo- mdej Sitabutr တို့တက်ရောက် ကြသည်။

(ACAMM- 15) အစည်း အဝေး၌ ''ENHANCING THE INTEROPERABILITY OF ASEAN ARMIES IN RESPONSE TO NON-TRADITIONAL CHALLEN- GES'' ခေါင်းစဉ်ပါ အကြောင်းအရာ များအား တက်ရောက်လာသည့် အာဆီယံ ကြည်းတပ်ဦးစီးချုပ်များ က နိုင်ငံအက္ခရာ အစဉ်အလိုက် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ဆက်လက်၍ အာဆီယံ ကြည်းတပ်ဦးစီးချုပ်များက အလွတ် သဘောဆွေးနွေးခြင်းများ ဆောင် ရွက်ပြီး အစည်းအဝေးသဘာပတိ ဗီယက်နမ် ပြည်သူ့တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် Lt. Gen. Nguyen Quoc Khanh က အစည်းအဝေးနိဂုံးချုပ် အမှာစကား ပြောကြားသည်။


ယင်းနောက် ဗီယက်နမ်နိုင်ငံ အဖွဲ့ခေါင်းဆောင်ဒုတိယစစ်ဦးစီး ချုပ် Lt. Gen. Nguyen Quoc Khanh မှ ၂ဝ၁၅ ခုနှစ်အတွင်း 16th ASEAN Chiefs of Army Multilateral Meeting (ACA- MM- 16)၊ 25th ASEAN Armies Rifle Meet (25th AARM ) နှင့် 5th ASEAN Sergeant Major Annual Meeting (5th ASMAM) အစည်းအဝေးများ လက်ခံကျင်းပ မည့် ထိုင်းနိုင်ငံသို့ တာဝန်လွှဲပြောင်း ပေးအပ်ရာ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် Gen. Udom- dej Sitabutr က လက်ခံရယူခဲ့ပြီး အစည်းအဝေးကို မွန်းတည့် ၁၂ နာရီ တွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment