Monday, October 27, 2014

ကျွန်းစုမြို့နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျွန်းစု အောက်တိုဘာ ၂၇ ရက်  
ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်းများ ပူးပေါင်း၍ ကျေးလက်နေ ပြည်သူများ အတွက်  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ အောက်တိုဘာလ (၂၆) ရက်နေ့က ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍  ဆွပ်ဇာလန်နိုင်ငံ GENEVA (Children Action) အဖွဲ့မှ ပြင်သစ်နိုင်ငံသား Dr. TRINCHERO JEANFRANCOIS ပါ (၅) ဦးအဖွဲ့သည် မြိတ်မြို့ ပြည်သူ့ ဆေးရုံကြီးမှ ဆရာဝန်များနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ လိုက်ပါ၍  ကျွန်းစုမြို့နယ်၊ ကော်ဇယာ ကျေးရွာ အုပ်စု၊ ချောင်းကြီးဝကျေးရွာရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ပေးကာ လိုအပ်သောဆေးဝါးများအား အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment