Monday, October 27, 2014

မြို့နှင့် ဝေးကွာသော ကျေးရွာများအထိ နံရံကပ် စာပေရေချမ်းစင်များ ထားရှိဆောင်ရွက်

စဥ့်ကိုင်၊ အောက်တိုဘာ- ၂၇ 
ကျေးလက်နေပြည်သူများ စာပေလက်လှမ်းတမီအလွယ်တကူဖတ်ရှုနိုင်ရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတဖွံ့ဖြိုး တိုးတက်စေရန်အတွက် စဥ့်ကိုင်မြို့နယ် ပြန်ကြားရေးန၊ှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နှင့် အလှမ်းကွာဝေး သော ကျေးရွာများ အထိ နံရံကပ်စာပေရေချမ်းစင်များ ထားရှိဆောင်ရွက်ပေးထားကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ထွေး၏ ပြောကြားချက်အရ သိရသည်။   



စဥ့်ကိုင်မြို့နယ်အတွင်း ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များကို ဆောင်ရွက်ထားရှိသည့်အပြင် Mobile Library (နယ်လှည့်စာကြည့်တိုက်များ)၊ Public Digital Library Service စက်များနှင့် နံရံကပ်စာပေရေချမ်းစင်များ ဆောင်ရွက်ထားရှိပေးခဲ့ခြင်းကို “ ကျမတို့ မြို့နယ်တွင်းမှာ နံရံကပ် စာပေရေချမ်းစင် ဌာနက ချပေးထားတဲ့ (၁၄)ခုရယ် အလှူရှင်တွေဆီက အလှူခံထားတဲ့ (၃)ခုရယ် စုစုပေါင်း (၁၇)ခုရှိပါတယ်၊ မြို့ပေါ် လူစည်ကားတဲ့နေရာတွေကို အရင်ထားပေး ထားတာ၊ အခုမှ မြို့နဲ့ ဝေးကွာတဲ့ ကျေးရွာတွေ ကို ထားပေးတာ၊ နောက်လည်း ဆက်လက်ထားပေးနိုင်အောင် ဆောင်ရွက်သွားမှာပါ ”ဟု မြို့နယ်ဦးစီးမှူး၏ ပြောပြချက်အရ သိရသည်။  

“ဒီစာပေရေချမ်းစင်လေးတွေ ထားပေးတာ ကျနော်တို့လို မြို့နဲ့ ဝေးတဲ့ရွာတွေအတွက် တော်တော်ကို အကျိုးရှိတယ်ဗျ၊ မြို့ပေါ်လည်း ဝေးတော့ တော်ရုံနဲ့ မရောက်ဖြစ်ဘူးလေ၊ ဒါလေးတွေက ပေါ့ပေါ့ပါးပါးနဲ့ လက်တွေ့ အသုံးဝင်တဲ့ စာတွေ၊ လေ့လာရင်လေ့လာသလောက် အကျိုးရှိတယ်၊ ကျနော်တို့ရွာသူရွာသားတွေလည်း နိုင်ငံတော်က ပိုက်ဆံအကုန်အကျခံပြီး ထားပေးရကျိုးနပ်အောင် စာဖတ်ဖို့ စည်းရုံးသွားမှာပါ ”ဟု စဥ့်ကိုင်မြို့၏ အနောက်ဘက် မြို့နှင့်အလှမ်းဝေးဆုံးဖြစ်သည့် အုန်းလက်ကောက်ကျေးရွာမှ ဦးစိုးမြင့်၏ ပြောချက်များအရ သိရှိရသည်။

No comments:

Post a Comment