Wednesday, October 29, 2014

နှစ်နိုင်ငံနယ်စပ်ဒေသ နယ်နိမိတ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေဆွေးနွေး




နေပြည်တော်  အောက်တိုဘာ  ၂၈
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ အိန္ဒိယတပ်မတော် အရှေ့ပိုင်းတိုင်း တိုင်းမှူး Lt.Gen.MMS Rai,AVSM, VSM အား လက်ခံ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး အိန္ဒိယတပ်မတော် အရှေ့ပိုင်းတိုင်း တိုင်းမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Col.Gaurav Sharma နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပူးပေါင်းေ ဆာင်ရွက်မည့် အခြေအနေ များနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ နယ်နိမိတ်ဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မည့် အခြေအနေ များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment