Friday, October 31, 2014

ထားဝယ်စီးပွားရေးဇုန် စီမံကိန်းတွင် အီးအာရ်အိုင်အေမှ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ဆွေးနွေး


နေပြည်တော် အောက်တိုဘာ ၃၀
ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် အာဆီယံနှင့်အရှေ့အာရှ စီးပွားရေးသုတေသနဌာန (အီးအာရ်အိုင်အေ) အမှုဆောင် ဒါရိုက်တာ ပရော်ဖက်ဆာ ဟိဒဲတိုရှိ နိရှိမူရာနှင့် ဟားဗတ်တက္ကသိုလ်မှ တာဝန်ရှိသူများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဦးအေးမြင့်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဦးဟံစိန်၊ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် “ အာဆီယံစီးပွားရေး အသိုက်အဝန်း အကျိုးစီးပွား မြှင့်တင်ခြင်းမှသည် ငြိမ်းချမ်းဝေစည် အသိုက်အဝန်းဆီ ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် မြန်မာ-အီးအာရ်အိုင်အေ-ဟားဗတ် ဆွေးနွေးပွဲရလဒ်များ၊ မူဝါဒရေးရာ ထောက်ခံတင်ပြချက်များ၊ ဒေသတွင်းနိုင်ငံများ၏ အသေးစား အလတ်စား၊ စီးပွားရေး လုပ်ငန်းများအတွက် အာဆီယံစီးပွားရေးအသိုက်အဝန်း၏ အထောက်အကူပြုမှု အမြင့်မားဆုံးရရှိရေး လေ့လာသုံးသပ်ချက်များ၊ ထားဝယ်အထူးစီးပွားရေး ဇုန်စီမံကိန်းတွင် အီးအာရ်အိုင်အေမှ ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

No comments:

Post a Comment