Monday, October 27, 2014

ပုလောမြို့နယ် ရှပ်ပုံကျေးရွာ၌ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ပုလော အောက်တိုဘာ ၂၇ ရက်  
ပုလောမြို့နယ် ရှပ်ပုံကျေးရွာ၌ အောက်တိုဘာလ (၂၆) ရက် နံနက်(၈)နာရီက မုးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရှိရသည်။  

အဆိုပါဖြစ်စဉ်မှာ ပုလောမြို့နယ် ရှပ်ပုံကျေးရွာ ဝါးတန်း(၅)လမ်းနေ ဦးအောင်ကျော်စိုး၏ နေအိမ်၌ မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဝင်ရောက်ရှာဖွေကြရာ ၎င်းနေအိမ်တွင်ချိတ်ဆွဲထားသော ဂျာကင်အင်္ကျီအိတ်အတွင်းမှ ဘိန်းစာမှုန့်ဟုယူဆရသော စိမ်းဝါရောင်အမှုန့်(၈)ထုပ်၊ ဘုရားစင်ပေါ်တင်ထားသော  ပလပ်စတစ်ဗူးခွံအတွင်းမှ စိမ်းဝါရောင်အမှုန့်(၁)ထုပ်တို့ အားရှာဖွေတွေ့ရှိခဲ့သည်။

ထို့နောက် ဆက်လက်စစ်ဆေးမေးမြန်းရာ အိမ်နံဘေး ငါးလှန်းစင်အောက်တွင် ဘိန်းစာ မှုန့်ဟုယူဆရသော စိမ်းဝါရောင်အမှုန့်(၁၁)ထုပ်အား ထပ်မံတွေ့ရှိ၍  အဆိုပါ ဘိန်းစာမှုန့်များအား ရောင်းချရန် အလို့ငှာ လက်ဝယ်ထား ရှိသူ ဦးအောင်ကျော်စိုးအား မြို့နယ်ရဲတပ်ဖွဲ့မှ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment