Wednesday, October 29, 2014

မေတ္တာမြို့၌ မိဘဆရာ အသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ

မေတ္တာ အောက်တိုဘာ ၂၈   
ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ အခြေခံပညာ အထက်တန်းကျောင်း ၂၀၁၃-၂၀၁၄ ပညာသင်နှစ် မိဘဆရာအသင်း   နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို  (၂၈-၁၀-၂၀၁၄)ရက်နေ့၊ နံနက် (၈း၃၀)နာရီတွင် ပုလဲမေတ္တာခန်းမ၌ ကျင်းပပြုလုပ်သည်။



ရှေးဦးစွာ အလယ်တန်း ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးပြီး မေတ္တာမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်းက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ (KNU)ကရင်အမျိုးသားအစည်းအရုံး၊ ကစယ်ဒိုမြို့နယ်တာဝန်ခံ ပဒိုစောဒီအာလူးက နှုတ်ခွန်းဆက် စကား ပြောကြားပြီး  ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချို က ပညာရေး ဆိုင်ရာဆောင်ရွက်ချက်များနှင့် ပတ်သက်     ၍လည်းကောင်း၊   ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဌစောဘဲရွှေ  က  ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု    နှင့်ပတ်သက်၍  လည်းကောင်း  မူလတန်းပြဆရာမ  နော်ဒါးထူး  က ၂၀၁၃-၂၀၁၄ပညာသင်နှစ်၊   မိဘဆရာအသင်း ရန်ပုံငွေစာရင်း ရှင်းတမ်းနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ၂၀၁၃-၂၀၁၄ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သော  ကျောင်းသား/ကျောင်းသူ (၇)ဦးအားမေတ္တာမြို့ရဲစခန်းရဲအုပ်ညွှန့်ဝေ  နှင့်  (KNU) ကရင်အမျိုးသား အစည်းအရုံး ပဒိုစောဒီအာလူးတို့က ဆုများ ပေးအပ်ချီးမြှင့်ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်သည်။        

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများက အကများဖြင့်ဖျော်ဖြေတင်ဆက်ပြီး  အခမ်းအနားကို   ရုပ်သိမ်းလိုက် သည်။ အဆိုပါအခမ်းအနားတွင်  မေတ္တာမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်း၊  (KNU) ကရင်အမျိုးသား အစည်းအရုံး၊ ကစယ်ဒိုမြို့နယ် တာဝန်ခံ ပဒိုစောဒီအာလူး၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊  ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၂၅၀)ဦးခန့် တက်ရောက်ကြောင်း သတင်းရရှိပါသည်။  

No comments:

Post a Comment