Friday, October 31, 2014

လူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာ တင်ပြရန်ကိစ္စနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (၇/၂၀၁၄)
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်
၁၃၆၇ ခု၊ တန်ဆောင်မုန်းလဆန်း ၈ ရက်

လူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာ တင်ပြရန်ကိစ္စနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

၁။ ကေကေအို စောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် သေဆုံးမှုနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့ကြောင်း တွေ့ရှိရပါသည်။


၂။ ယင်းပုဂ္ဂိုလ် သေဆုံးမှုဖြစ်စဉ်အပေါ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စုံစမ်းစစ်ဆေး၍ လူ့အခွင့်အရေးကိစ္စနှင့် စပ်လျဉ်းသည့် အထူးအစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ ဆောလျင်စွာ တင်ပြရန် နိုင်ငံတော်သမ္မတရုံးက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ ညွှန်ကြားထားကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့

No comments:

Post a Comment