Wednesday, October 29, 2014

စုပေါင်း ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ဖရူဆို   အောက်တိုဘာ   ၂၉
ကယားပြည်နယ် ဖရူဆိုမြို့တွင် ဌာနဆိုင်ရာများနှင့် ဒေသခံမိဘပြည်သူများစုပေါင်း၍ နေ့စဉ်မပျက် ကျင်းပလျက် ရှိသော ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို အောက်တိုဘာ ၂၈ ရက် နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ကန်တော့ကြပြီး ဆရာတော်အရှင်သူမြတ်ထံ ငါးပါးသီလနှင့် ပရိတ်တရားတော်များကို နာယူဆောက်တည် ကြသည်။
ထို့နောက် ဆရာတော်အရှင်သူမြတ်တို့အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ် လှူဒါန်းကြပြီး လောထော တနော ဆရာတော် ဘန္ဒတ္တသဇ္ဇနထံမှ ကထိန်သင်္ကန်းနှင့် ပတ်သက်သောတရား တော်မြတ်ကို နာယူ ဆောက်တည်ကြကာ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်တို့က လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစီရံတိဌတုရွတ်ဆိုကန်တော့၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

No comments:

Post a Comment