Tuesday, October 28, 2014

နေအိမ်တံစက်မြိတ်ပေါ်၌ ဆိုလာပြားတင်ကာ ဘက်ထရီအိုးအားသွင်းစဉ် အပူရှိန်လွန်ကဲပြီး ဝိုင်ယာ ရှော့ခ်ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ အောက်တိုဘာ ၂၈
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ နယ်၊ တောင်ပြင်အုပ်စု၊ ပြန်လှည့်ရွာတောင်ပိုင်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ယင်းမာပင် မြို့မ ရဲစခန်းမှ
တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် ကျေးရွာသူ/သားများက ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့ရာ ညနေ ၃ နာရီ ၄၅ မိနစ်အချိန် မီးငြိမ်းသွားခဲ့သည်။ စစ်ဆေးချက်အရ ၎င်းကျေးရွာနေ ရဲမင်းဦး(ခ) ဆင်ပေါက်(၃၃)နှစ်၏ နေအိမ်တံစက်မြိတ်အပေါ်၌ ဆိုလာပြားတင်ပြီး ဘက်ထရီအိုးအားသွင်းစဉ် အပူရှိန် လွန်ကဲပြီး ဝိုင်ယာရှော့ခ်ဖြစ်ကာ ထန်းလက်အမိုးကို မီးကူးစက် လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် ထန်းလက်မိုး၊ ထန်းလက်ကာ၊ ၃ ပင်၊ ၂ ခန်း၊ မြေစိုက်နေအိမ်တဲ(၂)လုံး မီးလောင်ဆုံးရှုံး ခဲ့သောကြောင့် ရဲမင်းဦး(ခ)ဆင်ပေါက်အား ယင်းမာပင် မြို့မရဲစခန်း(ပ)၂၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment