Tuesday, October 28, 2014

ဘက်ထရီဖြင့်ရှော့ခ်တိုက် ငါးဖမ်းနေစဉ် ဓာတ်လိုက်၍သေဆုံး

နေပြည်တော်၊ အောက်တိုဘာ ၂၈
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ မင်းဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မင်းဘူးမြို့နယ်၊ လက်ပံတပင်ကျေးရွာအနီးရှိ ဧရာဝတီမြစ်အတွင်း သဲသောင်ပြင်ရေအိုင်အစပ်တွင် လူတစ်ဦး
ဓာတ်လိုက်သေဆုံးကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ၎င်းကျေးရွာနေ ခိုင်ဇော်လင်း (၁၅)နှစ်သည် ရေအိုင်အတွင်းရှိ ငါးများအားဘက်ထရီဖြင့် ရှော့ခ်တိုက် ဖမ်းဆီးနေစဉ် ဓါတ်လိုက် သေ ဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသော ကြောင့် မင်းဘူးမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၁/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment