Tuesday, September 30, 2014

" Myanmar- Germany; Partners in Transition "ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေး

ရန်ကုန်-စက်တင်ဘာ ၃၀
နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ (Myanmar ISIS) ၏ ဖိတ်ကြား ချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး H.E. Mr. Christian-Ludwig  Weber-Lortsch  က "Myanmar-  Germany;  Partners in Transition" ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီတွင် ရန်ကုန်မြို့ဒဂုံမြို့နယ် သံတမန်လမ်းရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။



ရှေးဦးစွာ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဥက္ကဋ္ဌ အငြိမ်းစား သံအမတ်ကြီး ဦးညွန့်မောင်ရှိန်က အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် ဂျာမနီနိုင်ငံသံအမတ်ကြီးက ဂျာမန်-မြန်မာ နှစ်နိုင်ငံတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများအကြောင်း၊ ဂျာမနီနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအကူအညီ ဒုတိယ အများ ဆုံးပေးနေသော နိုင်ငံ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုများကို ထောက်ခံ အားပေးလျက် ရှိကြောင်းဖြင့် ဟောပြောပြီး တက်ရောက်လာသူများ၏ သိလိုသည်များကို ပြန်လည်ဖြေကြားသည်။
အဆိုပါ ဟောပြောပွဲသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင် များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန် တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ် တို့မှ နိုင်ငံတကာ ဆက်ဆံရေးပညာဌာန ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ အဝေးသင်တက္ကသိုလ် သမိုင်းဌာနမှ ပါမောက္ခ(ဌာနမှူး)၊  ဆရာဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

No comments:

Post a Comment