Monday, September 29, 2014

တောင်ဥက္ကလာပမြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ ရောဂါဆက်လက်ပြန့်ပွားမှုမရှိအောင် ရောဂါထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိ





နေပြည်တော်   စက်တင်ဘာ   ၂၉
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် (၁၄)ရပ်ကွက်၊ စီမံကိန်း(၁)၊ အင်ကြင်းကျူးကျော်နှင့် ကြက်မောက် ကျူး ကျော်ရပ်ကွက်များတွင် စက်တင်ဘာ(၂၇)ရက် ညနေပိုင်းမှစ၍ လူနာ(၉)ဦး ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ် ပွားခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့သည် ရပ်ကွက်အတွင်းတွင် (၂၄)နာရီဆေးခန်း ဖွင့်လှစ်၍ လူနာသစ်ရှာဖွေ
ကူသမှုပေးခြင်း၊ လူနာနှင့်အတူနေသူများအား ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်း၊  ရပ်ကွက်တွင်းရှိ သောက်သုံးရေ အရင်း အမြစ်အားလုံးအား ကလိုရင်းဆေးခတ်ပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်း နှင့် အရေးပေါ်လူနာလွှဲပြောင်းကုသမှုခံယူစေခြင်း လုပ်ငန်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။
ဆေးခန်းပြလူနာများအနက် လူနာ(၁၂)ဦးအား သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုခံယူစေ ခဲ့ကြောင်း၊ သာမန်ဝမ်းပျက်ဝမ်း လျှောရောဂါလူနာများအား ဆေးကုသမှုပေးလျက်ရှိကြောင်းနှင့် သေဆုံးသူလူနာ မရှိကြောင်း၊ ရောဂါဖြစ်ပွားရခြင်းအကြောင်းအရင်းမှာ ရပ်ကွက်အတွင်းတွင် အိမ်ခြေထူထပ်၍ လူဦးရေ များ ပြားခြင်း၊ သောက်သုံးရေသန့်ရှင်းမှုမရှိခြင်း၊ အိမ်အများစုတွင် ယင်လုံအိမ်သာမရှိခြင်းတို့ ကြောင့်ဖြစ်ကြောင်း၊ ရောဂါဆက် လက်ပြန့်ပွား မှုမရှိအောင် ရောဂါထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

No comments:

Post a Comment