Tuesday, September 30, 2014

စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်-စက်တင်ဘာ ၃၀
စက်တင်ဘာ ၂၇ ရက် ပျဉ်းမနားမြို့မရဲစခန်းမှ ရဲအုပ် မင်းကိုထွေးနှင့်အဖွဲ့ လှည့်ကင်းဆောင်ရွက်စဉ် ရွာကောက် ရပ်ကွက် ပေါင်းလောင်း(၁၄)နှင့် သရဖီလမ်းဆုံတွင် ဆိုင်ကယ်တစ်စီးဖြင့် မသင်္ကာဖွယ် လူတစ်ဦးအား တွေ့ရှိသဖြင့်
ရပ်တန့်စစ်ဆေးရာ မြင့်မောင်မောင်(ခ) ဖိုးသား(၂၅)နှစ် (ဘ) ဦးမြင့်ထူး တပ်ကုန်းမြို့ မြ၀တီရပ်ကွက်နေသူဖြစ်ပြီး ၎င်း၏ဘောင်း ဘီအိတ်ကပ်နှင့် ဦးထုပ်အတွင်းမှ တပ စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၃၀)အား ရှာဖွေတွေ့ရှိသိမ်းဆည်း ရမိပြီး ဆေးပြား များအား မောင်လွင်(ခ) မှဲ့ကြီး(၄၃)နှစ် (ဘ)ဦးထွန်းလူ ပျဉ်းမနားမြို့ ဘောဂ၀တီရပ်ကွက်နေသူထံမှ ဝယ်ယူ ခဲ့ကြောင်းထွက်ဆို၍ မူးယစ်ဆေးပြား လက်ဝယ်ထားရှိသူ မြင့်မောင်မောင်(ခ)ဖိုးသားနှင့် မောင်လွင်(ခ)မှဲ့ကြီး တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထား ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment