Tuesday, September 30, 2014

ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး သူရသက်ဆွေအား အမေရိကန်ကြည်းတပ် စစ်သံမှူးနှင့် ရေတပ် စစ်သံမှူး တို့ လာရောက်တွေ့ဆုံ

နေပြည်တော်-စက်တင်ဘာ ၃၀
ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကြည်းတပ် စစ်သံမှူး Col. Willian C.Dickey နှင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ရေတပ်စစ်သံမှူး Captain Christopher S. Chambers တို့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်း ဌာနချုပ် အရာရှိရိပ်သာ၌ လာရောက်တွေ့ဆုံသည်။

စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်-စက်တင်ဘာ ၃၀
စက်တင်ဘာ ၂၇ ရက် ပျဉ်းမနားမြို့မရဲစခန်းမှ ရဲအုပ် မင်းကိုထွေးနှင့်အဖွဲ့ လှည့်ကင်းဆောင်ရွက်စဉ် ရွာကောက် ရပ်ကွက် ပေါင်းလောင်း(၁၄)နှင့် သရဖီလမ်းဆုံတွင် ဆိုင်ကယ်တစ်စီးဖြင့် မသင်္ကာဖွယ် လူတစ်ဦးအား တွေ့ရှိသဖြင့်

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေး မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

နေပြည်တော်-စက်တင်ဘာ ၃၀
စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉) နာရီခွဲ တွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့် တက်ရောက်အမှာစကားပြောကြားသည်။ 

နိုင်ငံကူးလက်မှတ် ခရီးသွားစာရွက်စာတမ်း အတုအပစမ်းသပ် စစ်ဆေးမှုဆိုင်ရာ စမ်းသပ်စစ်ဆေးမှု စွမ်းရည် မြှင့် တင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနား

နေပြည်တော်-စက်တင်ဘာ ၃၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကနေဒါနိုင်ငံအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ အခြေစိုက် IOM အဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံခြားသားများ ဝင်ထွက်သွားလာရာတွင် အသုံးပြုသော နိုင်ငံကူး လက်မှတ် ခရီးသွားစာရွက်စာတမ်းများ၊ အတုအပစမ်းသပ် စစ်ဆေးမှုဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်း သင်တန်း ဖွင့်ပွဲအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမဆောင်တွင် ယမန်နေ့ နံနက်(၉)နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။

" Myanmar- Germany; Partners in Transition "ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေး

ရန်ကုန်-စက်တင်ဘာ ၃၀
နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ (Myanmar ISIS) ၏ ဖိတ်ကြား ချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး H.E. Mr. Christian-Ludwig  Weber-Lortsch  က "Myanmar-  Germany;  Partners in Transition" ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီတွင် ရန်ကုန်မြို့ဒဂုံမြို့နယ် သံတမန်လမ်းရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း လွှတ်တော်သို့ လာရောက် လေ့လာ သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

နေပြည်တော် - စက်တင်ဘာ ၃၀
ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကျင်းပမှုကို လာရောက် လေ့လာကြသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့မှ အကြံပေးအရာရှိ ဦးချိန်ကောင်းရှင်း ခေါင်းဆောင်သည့် ကိုးကန့်တိုင်းရင်းသားများအား ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌဦးမောင်မောင်ဆွေ၊ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဟော်ရှောက်ချန်း၊ ဦးကျော်နီနိုင်၊ ဦးစိုင်းမြင့်အေးနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် အမှတ်တရလက်ဆောင်များပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကျင်းပ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်အားပေး

နေပြည်တော်-စက်တင်ဘာ ၃၀
ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန MICC(2)၌ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက် အားပေး ကြသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ထိုင်း-မြန်မာလွှတ်တော်ချင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးခင်မောင်ရီအား ထိုင်းအထက်လွှတ်တော်ရုံး အတွင်းရေးမှူးချုပ် Mrs. Nararut Pimsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်-စက်တင်ဘာ ၃၀
အမျိုးသားလွတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ ထိုင်း- မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ရီအား ထိုင်းအထက်လွှတ်တော်ရုံး အတွင်းရေး မှူးချုပ် Mrs. Nararut Pimsen ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ကော်မတီ အဆောင် အမှတ်(၂၀)ဧည့်ခန်းမ၌ လာရောက်တွေ့ ဆုံသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာနိုင်ငံ တစ်ဝန်းရှိ မိဘပြည်သူများ သို့ရေဒီယို အစီအစဉ်များမှ တစ်ဆင့် မိန့်ခွန်း ပြောကြားမည်



နေပြည်တော်-စက်တင်ဘာ ၃၀
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မြန်မာနိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများသို့ ရေဒီယိုအစီအစဉ်များမှ တစ်ဆင့် ပြောကြားမည့် မိန့်ခွန်းအား မြန်မာ့အသံ၊ မန္တလေး  FM၊ ပဉ္စ၀တီ FM၊ ရွှေ FM၊ ချယ်ရီ FM၊ ပတ္တမြား FM၊ FM ပုဂံနှင့် သဇင်အသံလွှင့်ဌာနတို့မှ ၂၀၁၄ခုနှစ် အောက်တိုဘာ(၁)ရက်နှင့် (၂)ရက်တို့၌ နံနက်(၇)နာရီ၊ နေ့လယ် (၁၁)နာရီ၊ ညနေ(၆)နာရီနှင့် ည(၈)နာရီတို့တွင် တစ်ရက်လျှင် (၄)ကြိမ်စီ ထုတ်လွှင့်သွားမည်ဖြစ် သည်။
အဆိုပါ မိန့်ခွန်းအပြည့်အစုံကို အောက်တိုဘာ(၁)ရက်ထုတ် သတင်းစာများတွင် ဖော်ပြသွားမည် ဖြစ်သည်။

ကျုံပါကျေးရွာ အုပ်ချုပ်ရေးမှူးဖလား နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ



သထုံ  စက်တင်ဘာ  ၂၈
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျုံပါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖလား နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို စက်တင်ဘာ လ ၂၇ ရက်၊ ညနေ ၄ နာရီကစတင်ကာ ကျေးရွာအားကစားကွင်းတွင် စည်ကားစွာဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ 

ပန်ဝါမြို့နယ်ခွဲ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

ပန်ဝါ စက်တင်ဘာ ၂၉
ကချင်ပြည်နယ်၊ ပန်ဝါမြို့နယ်ခွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၏ မိုးပွင့်အဆင့် (၆) စီမံချက်အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်မှုအခမ်းအနားကို စက်တင်ဘာ (၂၇) ရက် မွန်းလွဲ (၁) နာရီက ပန်ဝါမြို့ရှိ ကုန်သွယ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားတွင် ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ပြည်နယ်မှူး ဦးဝင်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး ဒေသခံပြည်သူ (၇၃) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခဲ့ရာ ရပ်မိ/ရပ်ဖ တစ်ဦးဖြစ်သော ဦးလဂွေဘောမ်လန်းက ဒေသခံ ပြည်သူများ၏ကိုယ်စား ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။

နောင်ကုလားရွာကြီး ဘုရားလေးလမ်း ဒေသခံများ စုပေါင်းကာ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်ခင်း



သထုံ  စက်တင်ဘာ  ၂၉
သထုံမြို့နယ်၊ နောင်ကုလားကျေးရွာ ရွာကြီးနှင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမအား ဆက်သွယ်ထား သည့် နောင်ကုလားရွာကြီး ဘုရားလေးလမ်းအား ကျေးရွာနေပြည်သူများ စုပေါင်းကာ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းလျက် ရှိကြောင်း သိရသည်။

ပျောက်ဆုံးသူနှစ်ဦးအား ဝေဟင်မှရှာဖွေသည့် ရဟတ်ယာဉ် ဆက်သွယ်မှု ပြတ်တောက်

ပူတာအို စက်တင်ဘာ ၂၉
ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ ခါကာဘိုရာဇီ တောင်တက်အဖွဲ့မှ ပျောက်ဆုံးသူ (၂) ဦးအား ဝေဟင်မှရှာဖွေနေသည့် ထိုင်းနိုင်ငံသား Mr.Chat Chawl Than Thong နှင့် ကပ္ပတိန်အောင်မြတ်တိုး တို့မောင်းနှင်၍ ထူးကုမ္ပဏီဝန်ထမ်း ဦးရွှေရင်တော်လိုက်ပါသည့် ရဟတ်ယာဉ်သည် ပူတာအိုမြို့မှ ဒဟွန်ဒမ်းသို့ စက်တင်ဘာ (၂၇) ရက် မွန်းလွဲ (၂) နာရီ (၁၅) မိနစ်ခန့်တွင် ပူတာအိုလေဆိပ်မှ ထွက်ခွာသွားရာတွင် ဆက်သွယ်မှု ပြတ်တောက်၍ ပျောက်ဆုံးနေကြောင်း သိရသည်။

နိုင်ငံသားကတ် နေ့ချင်းရ၍ ဒေသခံပြည်သူတို့ပျော်



မိုင်းခုတ် စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခုတ်မြို့နယ်ခွဲ၊ မိုင်းလုံးကျေးရွာ အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ခွဲ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ ဦးစီးမှူး ဦးမြင့်ဆွေနှင့် ၀န်ထမ်းများက မိုးပွင့်အဆင့်(၆) အရ ဖြေလျော့နည်းဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ နေ့ချင်းပြီးဆောင်ရွက်ပေးခြင်း

ဟိုပင်၌ (၂၀) ကြိမ်မြောက် ဓမ္မဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲကျင်းပ

ဟိုပင် စက်တင်ဘာ ၂၉
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့နယ်၌ (၂၀) ကြိမ်မြောက် ရှမ်းမျိုးနွယ်စု လှိုင်ခမ်းထမ်းစင်္ကြာဝတ်အသင်း ၏ ဓမ္မဒေသနာတော်ရွတ်ဆို ပူဇော်ပွဲကို စက်တင်ဘာ (၂၆) ရက်နေ့မှ (၂၈) ရက်နေ့အထိ တကွင်းကျေးရွာ၊ လွယ်ခမ်းကျောင်းတိုက် ကမ္ဘောဇဓမ္မာရုံ၌ ရွတ်ဆို ပူဇော်ပြိုင်ပွဲ ကျင်းပခဲ့ကြသည်။

စည်ပင်သာယာရေးအဖွဲ့သို့ မီးသဂြိုလ်စက် တည်ဆောက်ရန်အတွက် အလှူငွေနှင့် အမှိုက်သိမ်းယာဉ်၊ မြေညှိစက် (ဘတ်ဟိုး) ကားများ ပေးအပ်လှူဒါန်း



မြစ်ကြီးနား စက်တင်ဘာ ၂၉
ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ မီးသဂြိုလ်စက် တည်ဆောက်ရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်းနှင့် မြို့သန့်ရှင်းသာယာ လှပစေရေးအတွက် အထောက်အကူဖြစ် အမှိုက်သိမ်းယာဉ် (၂) စီးနှင့် မြေညှိစက် (ဘတ်ဟိုး) ကား လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက အဖွင့်အမှာစကား ပြောကြားသည်။

ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ဆောင်ရွက်မှုများထောက်ခံ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ တွင် အတူတကွ ပူးပေါင်းဆောင်ရွက်မည်




နေပြည်တော် စက်တင်ဘာ ၂၉
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကိုရီးယားသမ္မတအိမ်တော် (Blue House) ၌ ကိုရီးယားသမ္မတနိုင်ငံ သမ္မတမစ္စ ပါ့ခ်ဂွန်ဟေးအား သွားရောက်တွေ့ဆုံသည်။

တောင်တက်သမားနှင့် ထိုင်းရဟတ်ယာဉ် ရှာဖွေရန် တရုတ်အဖွဲ့ လာရောက်ပူးပေါင်း





ရန်ကုန်  စက်တင်ဘာ  ၂၉
ခါကာဘိုရာဇီခရီးစဉ်အတွင်း တောင်တက်သမားနှစ်ဦးကို ရှာဖွေစဉ် ထပ်မံအဆက်အသွယ်ပြတ် တောက်သွားခဲ့သည့် ထိုင်းနိုင်ငံဘီဖိုး ရဟတ်ယာဉ်နှင့် လိုက်ပါ သွားသူများအား ကယ်ဆယ်မှု တိုးမြှင့်နိုင်ရေးအတွက် စက်တင်ဘာ ၂၈ ရက် ည ၁၂ နာရီက တရုတ် နိုင်ငံမှ ကျွမ်းကျင်တောင်တက်သမား နှစ်ဦးသည် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ ခဲ့ပြီး ယနေ့ညနေ ၄နာရီခွဲတွင် နောက်ထပ် တောင်တက်ကျွမ်းကျင်သူ ၁၀ ဦး ရောက်ရှိလာပြီဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ ကိုရီးယားသမ္မတနိုင်ငံ အမှတ် (၂) ရေတပ်မတော် ဌာနချုပ်သို့ ရောက်ရှိပြီး စစ်ရေ ယာဉ်များကြည့်ရှု လေ့လာ




နေပြည်တော် စက်တင်ဘာ ၂၉
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့သည် စက်တင်ဘာ ၂၉ ရက် ဒေသ စံတော်ချိန် နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် National Cemetery သို့သွားရောက်ပြီး ပန်းခွေချ အလေးပြုခဲ့သည်။ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် Pyeongtaek ရှိ Naval 2nd Fleet Command သို့ရောက်ရှိကြရာ Naval 2nd Fleet Command \ Commander Rear Admiral Park Sung Bae နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် PMG အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပါဝင်တက်ရောက်



နေပြည်တော်  စက်တင်ဘာ  ၂၉
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဆွေများအဖွဲ့ (Group of Friends of the Secretary  General on Myanmar)  မှ အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံတော် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီရေး ဆိုင်ရာ မိတ်ဖက်အဖွဲ့ (Partnership  Group  for  Peace,  Development  and  Democracy  in  Myanmar-PMG)  အစည်းအဝေးကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ စက်တင်ဘာ(၂၆)ရက် ညနေပိုင်းတွင်ကျင်း ပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၊ အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်၊ PMG အဖွဲ့ဝင် (၁၅)နိုင်ငံစလုံးမှ ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ်များ စုံညီစွာတက် ရောက်ကြသည်။

ဇောတိကသဘာဝဓာတ်ငွေ့တူးဖော်မှု မှ CNG ကုဗပေ တစ်နေ့ငါးသန်းခန့် ထပ်မံရရှိနိုင် CNGသုံး မော်တော်ယာဉ်များကို နေ့စဉ် ပိုမိုဖြန့်ဖြူးပေးနိုင်မည်



ရန်ကုန်  စက်တင်ဘာ  ၂၉
မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်ပေါင်း ၂၇၀၀၀ ကျော် ရှိနေကြောင်း မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လောလောဆယ်တွင် ယင်း မော်တော်ယာဉ်များ အတွက် သဘာဝ ဓာတ်ငွေ့များကို နေ့စဉ် ဖြန့်ဖြူးပေး လျက်ရှိနေသည်။ မြန်မာနိုင်ငံတွင် CNG ကို မော်တော်ယာဉ်များ၌ စတင် အသုံးပြု ရန် ၁၉၈၆ ခုနှစ်မှ စတင်စီစဉ်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်အောင် အကောင်အထည်ဖော် နိုင်ခဲ့သည်။၂၀၀၈ ခုနှစ်အထိ CNG မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် ပေါင်း ၂၆၈၄၈ စီးရှိခဲ့ပြီး ၂၀၁၃ ခုနှစ် ၌ ဘတ်စ်ကားအစီးရေ ၂၈၉ စီးကို CNG အသုံးပြုခွင့်ပေးခဲ့ရာ ယခုအခါ မြန်မာနိုင်ငံ၌ CNG သုံးစွဲသည့် မော် တော်ယာဉ် ပေါင်း ၂၇၀၀၀ ကျော် ရှိလာခဲ့ပြီဖြစ်သည်။

မြန်မာ့ခရီးသွားလုပ်ငန်း ကမ္ဘာကသိစေရန် လုပ်ဆောင်မည်




နေပြည်တော်  စက်တင်ဘာ  ၂၉
နေပြည်တော် မြန်မာအင်တာ နေရှင်နယ် ကွန်ဗင်းရှင်းစင်တာ၌ ၂၀၁၅ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ်ကို စည်ကား သိုက်မြိုက်စွာကျင်းပသွားရန် ပြင်ဆင် လျက်ရှိပြီး နိုင်ငံပေါင်း ၅၉နိုင်ငံမှ နိုင်ငံအကြီးအကဲများနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများမှ လူဦးရေ ၁၅၀၀ကျော်ခန့်တက်ရောက် ကြမည်ဖြစ်ကြောင်း သိရသည်။

Monday, September 29, 2014

အာရှအားကစားပြိုင်ပွဲ စက်တင်ဘာ(၃၀)ရက် မြန်မာအသင်းပါဝင်ယှဉ်ပြိုင်မည့်ပွဲစဉ်များ



နေပြည်တော်   စက်တင်ဘာ  ၂၉
 
တောင်ကိုရီးယားနိုင်ငံ အင်ချွန်မြို့တွင် ကျင်းပလျက်ရှိသော (၁၇)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ ယနေ့စက်တင်ဘာ (၂၉)ရက်တွင် အင်ချွန်မြို့  ဘူဖျောင်ပိုက်ကျော်ခြင်း အားကစားရုံ၌ ကျင်းပလျက်ရှိသော အမျိုးသား(၃)ယောက်တွဲ (Regue) ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပွဲစဉ် များအဖြစ် ဒေသစံတော်ချိန် နံနက်(၉)နာရီတွင် မြန်မာအမျိုးသားအသင်းနှင့် တရုတ်အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအမျိုးသားအသင်းမှ (၂)ပွဲ-(၁)ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

ရန်ကုန်နှင့်မန္တလေးအဝေးသင်တက္ကသိုလ်တို့၏ စာမေးပွဲရက် ပြင်ဆင်



ရန်ကုန်   စက်တင်ဘာ  ၂၉
ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ် တို့၏ ၂၀၁၄ ပညာသင်နှစ် ပထမအသုတ် (သိပ္ပံဘာသာရပ်များ) သင်တန်းနှစ်အားလုံး၏ စာမေးပွဲဖြေဆိုရမည့် (၆-၁၀-၂၀၁၄) ရက် (တနင်္လာနေ့) သည် အများပြည်သူတို့၏ အလုပ်ပိတ်ရက် (ဘက္ကရီးအီးဒ်နေ့) ဖြစ်ပါသဖြင့် သင်တန်းနှစ်အားလုံး၏ အဆိုပါနေ့ရက်တွင် ဖြေဆိုရမည့် ဘာသာရပ်ကို (၁၄-၁၀-၂၀၁၄)ရက် (အင်္ဂါနေ့)သို့ ပြောင်းရွှေ့ဖြေဆိုကြရမည် ဖြစ်ကြောင်းနှင့် စာမေးပွဲပြောင်း ရွှေ့ဖြေဆိုရမည့်ရက်မှာ (၆-၁၀-၂၀၁၄)ရက် (တနင်္လာနေ့) တစ်ရက်တည်းသာဖြစ်ပြီး ကျန်ရက်များတွင် ဖြေဆိုရမည့် ဘာသာ ရပ်များကို မူလကြေညာထားသည့် အစီအစဉ် ရက်များအတိုင်း ဖြေဆိုရမည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့က အသိပေးကြေညာထားသည်။