Sunday, August 31, 2014

ဈေးရောင်းသင်္ဘောဖွင့်ပွဲ အခမ်းအနားကျင်းပ



နေပြည်တော် ဩဂုတ် ၃၁
ချင်းတွင်းဈေးရောင်း သင်္ဘောဖွင့်ပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချင်းတွင်းဆိပ်ကမ်း၌ ဩဂုတ် (၃၁) ရက် နံနက် (၈) နာရီတွင်ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင်နိုင်တို့က ဈေးရောင်းသင်္ဘောကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ဈေးရောင်း သင်္ဘောဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုကြသည်။

ရခိုင်ပြည်နယ် ၂၀၁၄ ခုနှစ် (၂၁) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများနှင့် ညှိနှိုင်းအစည်းအဝေး

စစ်တွေ ဩဂုတ် ၃၁
ရခိုင်ပြည်နယ် ၂၀၁၄ ခုနှစ် (၂၁) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများနှင့် ညှိနှိုင်းအစည်း အဝေးကို ဩဂုတ် (၃၀) ရက် နံနက် (၉) နာရီတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံနှင့် မိတ်ဖက်နိုင်ငံများ၏ ဝန်ကြီးအဆင့် လယ်ယာသစ်တော အစည်းအဝေးသို့ တက်ရောက်ကြမည့် ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ လေ့လာကြည့်ရှု နိုင်ရန်စိုက်ကွင်း၊ ပြကွင်း များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၃၁
မြန်မာနိုင်ငံအနေဖြင့် (၃၆) ကြိမ်မြောက် အာဆီယံ (၁၀) နိုင်ငံ၏ လယ်ယာနှင့် သစ်တောကဏ္ဍဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့်အာဆီယံ (၃) နိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ဝန်ကြီးများအဆင့် အစည်းအဝေးကို စက်တင်ဘာ (၂၁) ရက်မှစတင်၍ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ သွားမည်ဖြစ်ရာ ဧည့်သည်နိုင်ငံများ ဝန်ကြီးများနှင့်အတူ အဆင့်မြင့် အရာရှိကြီးများအား အိမ်ရှင် မြန်မာနိုင်ငံ၏ လှိုက်လှဲဖော်ရွေပျူငှာစွာ ကြိုဆိုခြင်းနှင့်အတူ မြန်မာ့လယ်ယာ သစ်တောကဏ္ဍ၏ ပကတိ အခြေအနေများကို လေ့လာကြည့်ရှု နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ ဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများလှူဒါန်း

ရန်ကုန် ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ် ကျက်သရေဆောင် ဇိနမာန်အောင် စေတီတော် မြတ်ကြီးအတွင်းရှိ ဝိမုတ္တိရသ ဓမ္မာရုံကြီး၌ သာကေတမြို့နယ် ပရဟိတ အကျိုးဆောင် များအဖွဲ့ (ရန်ကုန်)မှ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများသို့ (၂၈) ကြိမ်မြောက် ဗလာစာအုပ်နှင့် စာရေးကိရိယာများ အဝတ်အထည်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီတွင် ကျင်းပသည်။

ဒုတိယဝန်ကြီး ဦးစိုးတင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (၄) မြို့နယ်အတွင်း ရေကြီးရေလျှံမဖြစ်စေရန် ထိန်းသိမ်းရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒဂုံဆိပ်ကမ်းမြို့နယ် အထပ်မြင့် အိမ်ရာစီမံကိန်း အတွက် Precast စက်ရုံ ကြည့်ရှုစစ်ဆေး

ရန်ကုန် ဩဂုတ် ၃၁
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်သည် ဩဂုတ် (၃၀) ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (၄) မြို့နယ်အတွင်း ရေကြီးရေလျှံမဖြစ်စေရန် ထိန်းသိမ်းရေး ကော်မတီလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရာ ကော်မတီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆည်မြောင်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ အုပ်ချုပ်ရေးမှူးများ၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြို့နယ်အထောက်အကူပြု အဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများက ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ လိုက်လံရှင်းလင်းတင်ပြကြသည်။

Saturday, August 30, 2014

နိုင်ငံသားလုပ်ငန်း အသိပညာပေးဟောပြောပွဲ



ထားဝယ် သြဂုတ် ၃၀
တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် သြဂုတ်လ (၂၈)ရက်နေ့ မွန်းလွဲ ၁၃:၀ဝ နာရီ အချိန်၌ ထားဝယ်ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးယဉ်ထွေး၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းနှင့် ဝန်ထမ်းများ၊ NRC အဖွဲ့မှ တာဝန်ရှိသူများသည် ရေဖြူမြို့နယ်၊ တလိုင်းယာ ကျေးရွာနှင့် ကလုံးထာ ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားလုပ်ငန်း အသိပညာပေးနှင့် ပတ်သက်၍ ဟောပြောခဲ့သည်။

သထုံခရိုင်တွင် ပြန်/ဆက် ဦးစီးဌာန ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း ဖွင့်လှစ်

သထုံ ဩဂုတ် ၂၉
နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်း စဉ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက် မြင့်မားစေရေး အတွက် လုပ်ငန်းခွင် စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းကို ဩဂုတ်လ ၂၈ ရက်နေ့ က သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ခန်းမတွင် ကျင်းပပြုလုပ် သည်။

သထုံမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်ပြီး ပြုလုပ်ပေး



သထုံ    သြဂုတ်    ၂၉
သထုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနနှင့် NRC အဖွဲ့တို့ ပူးပေါင်းကာ သြဂုတ်လ ၂၈ ရက်နေ့က သထုံမြို့နယ်၊ ဈေးမသွယ် (အထက်) ကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူ များတို့အား မိုးပွင့်အဆင့် (၆) စီမံချက်အရ နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို အဆိုပါ ကျေးရွာသို့ သွားရောက်ကာ နေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေးခဲ့သည်။ 

သုဝဏ္ဏဝတီမြို့မှ သောက်သုံးရေတွင်း ၅၀၀ ကျော်အား ရေဆိုးများ လိုက်လံသန့်စင်ပြီးစီး



သထုံ    ဩဂုတ်    ၂၉
သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်၊ သိမ်ဆိပ် ရပ်ကွက်များများမှ ရေနစ်မြုပ်ခဲ့သော သောက်သုံး ရေတွင်း ၅၀၀ ကျော်အား စင်္ကာပူ နိုင်ငံရောက် မြန်မာ လူငယ်များ၏ စုပေါင်း လှူဒါန်းမှုဖြင့် ကျိုက္ကော် စေတနာလူမှု ကူညီရေး အဖွဲ့ဝင်များက ဆယ်ထုတ်သန့်စင် ပေးခဲ့ကြောင်း သိရသည်။

အာဆီယံ ယူ - ၁၉ ပြိုင်ပွဲနှင့် ထိုင်းခြေစမ်းပွဲကို မြန်မာယူ -၁၉ အသင်း ကစားသမား ၂၀ ဖြင့်ယှဉ်ပြိုင်မည်




ရန်ကုန် သြဂုတ်  ၂၉
ဘရူနိုင်း ဘုရင့်ဖလားပြိုင်ပွဲ တွင် ဗိုလ်စွဲခဲ့သည့် မြန်မာယူ-၁၉ အသင်းသည် အာရှယူ-၁၉ ပြိုင်ပွဲ မတိုင်မီ ပြည်ပခရီးစဉ်များ သွားရောက်ကစားကာ အတွေ့အကြုံ များ ရယူဦးမည်ဖြစ်သည်။
မြန်မာယူ-၁၉ အသင်းသည် ဩဂုတ် ၃၀ ရက်တွင် အာရှ အား ကစားပြိုင်ပွဲဝင်မည့် ထိုင်းယူ-၂၃ အသင်းနှင့် ဖူးခက်တွင် ခြေစမ်း ကစားမည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင်ကျင်းပမည့် အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို

(၁၂)ကြိမ်မြောက် အာဆီယံလူမှု ရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးအဆင့်အစည်းအဝေး (ASCC) ပုဂံမြို့တွင်ကျင်းပမည် သတင်းရယူမည့် မီဒီယာသမားများ မှတ်ပုံတင်ဆောင်ရွက်နိုင်



နေပြည်တော် ဩဂုတ် ၂၉
(၁၂)ကြိမ်မြောက် အာဆီယံလူမှု ရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးအဆင့်အစည်းအဝေး (12th ASEAN Socio-Cultural Community (ASCC) Council Meeting)ကို စက်တင်ဘာ ၂၉ ရက် မှ ၃၀ ရက်အထိ ပုဂံမြို့ ရွှေနန်းတော် ဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။ သတင်း တက်ရောက်ရယူလို သည့် ပြည်တွင်းပြည်ပသတင်း ထောက်များအနေဖြင့် www. Asean 2014. gov.mm မှ Home Page တွင်ရှိသည့် Upcoming Events ၌ 12th ASEAN Socio-Cultural Community (ASCC) Council

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် ရက်သတ္တတစ်ပတ်သာကျန်



ရန်ကုန် ဩဂုတ် ၂၉
၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာများကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သထုံလမ်းရှိ အဆင့် မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)၌ ၂၀၁၄ ခုနှစ် ဩဂုတ် ၁၅ ရက် သောကြာနေ့မှစ၍ (စနေ၊တနင်္ဂနွေ)ရုံးပိတ်ရက်များအပါအဝင် (ပိတ်ရက်မရှိ) လက်ခံဆောင် ရွက်ပေးခဲ့သည်မှာ

Friday, August 29, 2014

အကြံပြုချက်များပေးပို့နိုင်



ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူလူထုအတွက် ကျန်းမာရေး အသုံးစရိတ် ဘဏ္ဍာငွေများကို တိုးမြှင့် သုံးစွဲလျက်ရှိပြီး ပြည်သူ့ကျန်းမာရေး မြှင့်တင်ဆောင်ရွက်မှု လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ပြည်သူ့ကျန်းမာရေး မြှင့်တင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ အနေဖြင့် အကြံဥာဏ်များ ပေးလိုပါက အောက်ပါလိပ်စာသို့ ဆက်သွယ်ပေးပို့နိုင်ပါသည်-

ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ရှေ့ပြေးလူဦးရေစာရင်းဆိုင်ရာ ထုတ်ပြန်ကြေညာချက်


နေပြည်တော်  သြဂုတ်  ၂၉
 
၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းအား ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းဇယား ပြုစုခြင်းနှင့် စာရင်းထုတ်ပြန်ခြင်းဟူ၍ အဆင့် (၄) ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ဒုတိယအဆင့်ဖြစ်သော မြေပြင်ကွင်းဆင်း သန်းခေါင်းစာရင်းကောက်ယူခြင်း လုပ်ငန်း ပြီးစီးပြီဖြစ်၍ တတိယအဆင့်ဖြစ်သော စာရင်းဇယား ပြုစုခြင်း (Data Processing) လုပ်ငန်းအား ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုပေးလျက်ရှိသော လူနာ၏ ဓာတ်ခွဲ နမူနာအား ရောဂါအတည်ပြု စစ်ဆေးနိုင်ရန်အတွက် (၂၉-၈-၂၀၁၄) ရက်နေ့တွင် ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပို့ဆောင်ပြီးဖြစ်

နေပြည်တော်  သြဂုတ်   ၂၉
ကျန်းမာရေးဝန်ကြီးဌာနမှ ကူးစက်မြန်အီဘိုဘာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကိုထိရောက် စွာ ဆောင်ရွက်လျက်ရှိရာ ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် တက်ရောက် ကုသလျက်ရှိသော သံသယလူနာ အား ပြင်းထန်ငှက်ဖျားရောဂါ (Severe and Complicated Malaria with Mixed Infection of Plasmodium falciparum and Plasmodium vivax) အဖြစ် သတ်မှတ်၍ အထူးကုဆရာဝန်ကြီးများမှ ကြီးကြပ်ကုသ ပေးလျက်ရှိရာ ကျန်းမာရေးအခြေအနေ သိသာစွာ ကောင်းမွန်လာကြောင်း တွေ့ရှိရပြီး၊ လူနာနှင့်နီးကပ် ထိတွေ့သူ (၄) ဦး၏ ကျန်းမာရေးအခြေအနေမှာ လုံးဝကောင်းမွန်လျက်ရှိပါသည်။

ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့်အရှိန်မြှင့်တင်မှု (Third Wave)လုပ်ငန်းစဉ်များကဏ္ဍအလိုက် ပညာရှင် များပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ


ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှူးဦးစီးကာ ပြည်သူ့အကျိုးပြုရဲလုပ်ငန်းများ ဖြစ်စေရေးနှင့် ရဲလုပ်ငန်းများဖြင့် ပြည်သူကို လျှင်မြန် ထိရောက်စွာ ကူညီဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် ရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များထဲမှ တာဝန်ယူရမည့် လုပ်ငန်းကဏ္ဍများအလိုက် အစိုးရ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကပညာရှင်များနှင့် ခရိုင် အတွင်းရဲ ရဲတပ်ဖွဲ့များပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ်လ (၂၉)ရက် နံနက် (၈)နာရီက ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

စက်ရေတွင်း၊ ရေသန့်စက်ရုံလှူဒါန်းခြင်းနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း တို့အတွက် ရေစက်ချပွဲနှင့် ရှေးဟောင်း ပရပိုက်များ လှူဒါန်းပွဲကျင်းပ


စက်ရေတွင်း၊ ရေသန့်စက်ရုံ လှူဒါန်းခြင်းနှင့် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းတို့အတွက် ရေစက်ချပွဲနှင့် ရှေးဟောင်း ပရပိုက်များပေးအပ်လှူဒါန်း ပွဲကို ဩဂုတ် ၁၈ ရက် နံနက် ၁၁း၀၀ နာရီအချိန် က မန္တ္တလေးတိုင်း ဒေသကြီး ၊ မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာ အ.ထ.က၌ ကျင်းပပြုလုပ်ခဲ့ရာ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါ်စန္ဒာခင် ၊ မလှိုင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်၊ မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ၊ မလှိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်၊မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ ဦးမောင်မောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည် ။

Thursday, August 28, 2014

ဓမ္မစေတီ ခေါင်းလောင်း ရှာတွေ့ကြောင်း ဆယ်ယူသူများ ပြောကြားချက်ကြောင့် စိတ်ဝင်စားမှုမြင့်တက် လာသော် လည်း ဆယ်ယူမည့်နေ့ရက် မသေချာသေး

ရန်ကုန် သြဂုတ် ၂၇
ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာဖွေတွေ့ရှိထားပြီး မကြာမီရက်အတွင်း ရှာဖွေရန် ကြိုးပမ်းလျက်ရှိသူ ဦးစံလင်းက သြဂုတ် ၆ ရက်မွန်းလွဲ ၂ နာရီခွဲတွင် ပြောကြားခဲ့သဖြင့် ပြည်သူအများ စိတ်ဝင်စာမှု ပိုမိုမြင့်တက် လျက်ရှိသော်လည်း ဆယ်ယူရန်နေ့ရက်ကို မသတ်မှတ်ရသေးကြောင်း အဆိုပါအဖွဲ့မှ ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်တို့ ပူးပေါင်း၍ မီဒီယာ ကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်





နေပြည်တော် သြဂုတ် ၂၈
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်း၍ ဌာနဆိုင်ရာ အဖွဲ့အစည်းများ အတွက် မီဒီယာနှင့် ထိတွေ့ဆက်ဆံမှု ဆိုင်ရာကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲကို ယနေ့နံနက် နာရီက နေပြည်တော် Royal ACE ဟိုတယ်တွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် တက်ရောက် အဖွင့်အမှာစကား ပြောကြားပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်မှ မြန်မာနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Toily Kurbanov က သင်တန်းဖွင့်လှစ် ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

သုံးမြွာပူးမိခင်အား ထောက်ပံ့ငွေပေးအပ်



ပြည် ဩဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးသိန်းနှင့် အဖွဲ့ဝင်များသည် ဩဂုတ် ၁၄ ရက်က ပြည်မြို့ အထွေထွေရောဂါကုဆေးရုံ ကြီး၌ ပြည်မြို့နယ် မြောက်နဝင်းရွာ သစ်ကျေးရွာအုပ်စု ကံကလေးကျေး

လယ်ယာသုံးစက်ပစ္စည်းများ အရစ်ကျဝယ်ယူနိုင်

မအူပင် ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်လုပ်သည့် လယ်ယာသုံးစက်ကိရိယာ ပစ္စည်းများ သရုပ်ပြရှင်းလင်းပွဲ အခမ်းအနားကို မအူပင်မြို့ တလုပ်လပ်အရှေ့ကျေးရွာ တောင်သူ ဦးလွင်မော်၏ လယ်မြေတွင် ဩဂုတ် ၂၆ ရက် နံနက် ၉ နာရီက ကျင်းပသည်။

အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု ယှဉ်ပြိုင်ရန် ပြည်ပထွက်ခွာ

ရန်ကုန် ဩဂုတ် ၂၇
တရုတ်နိုင်ငံ မကာအိုတွင် ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပမည့် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ကွန်ဂရက်အစည်းအဝေး တက်ရောက်ရန်နှင့် (၄၈) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု တံခွန်စိုက်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီ ခေါင်းဆောင်သော အတွင်းရေးမှူး ဦးကျော်သန်း (အုပ်ချုပ်သူ)၊ အမှုဆောင်ဒေါ်ရီရီဝင်း(ဒိုင်)၊ ဦးအောင်နိုင်(နည်းပြ)၊ အားကစားသမားများ ဖြစ်ကြသည့် အောင်ခိုင်ဝင်း၊ ထွန်းမင်း၊ အေးအေးစိုးတို့ပါဝင်သော အဖွဲ့ဝင်များသည် ဩဂုတ် ၂၆ ရက် နံနက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ အားကစားဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ အဖွဲ့ချုပ်အမှုဆောင်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ထိခိုက်ပျက်စီး လယ်ယာမြေများအတွက် ထောက်ပံ့ငွေပေးအပ်

ညောင်လေးပင် ဩဂုတ် ၂၇
ညောင်လေးပင်မြို့နယ် ရပ်ကွက်၊ ကျေးရွာများအတွင်းရေလွှမ်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေ များအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကူညီပံ့ပိုးသော ကျေးရွာ အရောက်ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ် ၂၆ ရက် မွန်းလွဲ ၁ နာရီက ညောင်လေးပင် မြို့နယ် ရေဖြူကန်ကျေးရွာ၌ ကျင်းပသည်။ ဆက်လက်၍မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံနှင့်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စာတိုက်လုပ်ငန်းက ငွေပို့ခများကို လျှော့ချကောက်ခံသွားမည်

နေပြည်တော် ဩဂုတ် ၂၇
ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း စာတိုက်လုပ် ငန်း က ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် အထောက်အကူဖြစ်စေရန် ရည် ရွယ်၍ ငွေပို့ငွေလွှဲ ကိစ္စရပ်များကို ဆောင်ရွက်သောအခါ မြန်မာပြည်အနှံ့ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဖြန့်ကြက် လျက်ရှိသည့် ရိုးရိုးငွေပို့လွှာ လုပ်ငန်း စာတိုက်ရုံးပေါင်း ၇၈၂ ရုံးနှင့် အမြန်ငွေပို့လွှာလုပ်ငန်း စာတိုက်ရုံး ပေါင်း ၃၀၉ရုံးတို့တွင် ငွေပို့ခနှုန်းထားများကို ယခင်ပို့ငွေ ၁၀၀ ကျပ်လျှင် ပို့ခ ၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိရာမှ သုံးစွဲသူပြည်သူများအား အထူးသက်သာသောနှုန်းထားဖြင့် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ၁-၉-၂၀၁၄ ရက်နေ့မှစ၍ ငွေပို့ခများကို အောက်ဖော်ပြပါနှုန်းထားများ အတိုင်း လျှော့ချကောက်ခံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည် - 

အများပြည်သူများသို့ အသိပေးကြေညာခြင်း



ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှု အန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ်အားပြတ်တောက်မှုများ လျော့နည်းစေရန်အတွက် ဓာတ်အားလိုင်းများနှင့် မလွတ်သော သစ်ပင်/သစ် ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ တိုင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က သက်ဆိုင်ရာ မြို့နယ်စည်ပင် သာယာရေး ကော်မတီနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။

နိုင်ငံတော်သမ္မတ၏ ဆင်းရဲနွမ်းပါးသူများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ နေပြည်တော် ဩဂုတ် ၂၇ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ဆင်းရဲနွမ်းပါးသူများမှ ပညာထူးချွန်သူများနှင့် ကျန်းမာရေး ချို့တဲ့သူများကို ကူညီစောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားသည့် နိုင်ငံတော်သမ္မတ၏ ဆင်းရဲနွမ်းပါး သူများကူညီစောင့်ရှောက်ရေး အဖွဲ့၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ၏ ဆင်းရဲနွမ်းပါးသူများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်(ယာပုံ)က ဆင်းရဲ နွမ်းပါးချို့တဲ့သူများမှ ပညာထူးချွန် သူများနှင့် ကျန်းမာရေးချို့တဲ့ သူများကို ဆက်လက်ပညာသင်ကြား နိုင်ရေးနှင့် ဆေးကုသမှုခံယူ နိုင်ရေးတို့တွင် ရေရှည်ကူညီထောက်ပံ့နိုင်ရေးအတွက် ဤအဖွဲ့ ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့အဖွဲ့၏ ထောက်ပံ့လှူဒါန်း ငွေများသည် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ပြည်ထောင်စု ဝန်ကြီးအဆင့်ရှိသူများ၊ ဒုတိယဝန်ကြီးများနှင့် ဒုတိယဝန်ကြီး အဆင့်ရှိသူများ၏ လစဉ်ချီးမြှင့်ငွေ များမှ ၂၅ ရာခိုင်နှုန်းကို ထည့်ဝင် လှူဒါန်း မတည်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုတွင်ဖြစ်ပွားသည့် ရောဂါအခြေ အနေကို ဖော်ပြ၍ မိမိတို့အဖွဲ့၏ ထောက်ပံ့မှုရယူနိုင်ရန် လျှောက်ထားရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး နှင့်ပညာရေး စောင့်ရှောက်မှုကဏ္ဍများတွင် ရုပ်ရှင်၊ ဂီတနယ်ပယ်များအပါအဝင် နိုင်ငံ့တာဝန်ကို ထူးချွန်စွာ ဆောင်ရွက်ခဲ့သည့် အငြိမ်းစားဝန်ထမ်းများ၊ နိုင်ငံ့ဂုဏ်ဆောင်စွမ်းဆောင်ရည် မြင့်မားသူများနှင့် ၎င်းတို့၏သားသမီးများနှင့် အမှန်တကယ် ဆင်းရဲ နွမ်းပါးချို့တဲ့သူများကို ကူညီစောင့်ရှောက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း၊ ဆင်းရဲ နွမ်းပါးသူများ ကူညီစောင့်ရှောက်ရေး အဖွဲ့၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင် ကူညီထောက်ပံ့ ပေးမည့် မူဝါဒများကို ဆက်လက်ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဆင်းရဲနွမ်းပါးသူများ ကူညီစောင့်ရှောက်ရေး လုပ်ငန်းစဉ်များသည် ရေရှည်မျှော်မှန်းဆောင်ရွက်ရမည့် အစီအမံများဖြစ်ပါကြောင်း၊ ဆင်းရဲနွမ်းပါးချို့တဲ့သူများမှ ပညာထူးချွန်သူများနှင့် ကျန်းမာရေးချို့တဲ့သူများကို စောင့်ရှောက်ထောက်ပံ့ရာတွင် ဆင်းရဲနွမ်းပါးချို့တဲ့သူများ ကူညီစောင့်ရှောက်ရေးအဖွဲ့၏ စေတနာဖြင့် ထည့်ဝင်သည့်အလှူငွေများသည် မိမိတို့ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း၊ ကူညီစောင့်ရှောက် ထောက်ပံ့ရာတွင် မည်သို့ ကူညီစောင့် ရှောက်ထောက်ပံ့လျှင် အကောင်းဆုံး ဖြစ်မည်ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါး ချို့တဲ့သူများမှ နိုင်ငံ့အတွက်ဒေသအတွက် ကဏ္ဍအသီးသီး နယ်ပယ်အသီးသီးတို့တွင် ထူးချွန်သည့်၊ စွမ်းဆောင်ရည်မြင့်မားသည့် နွမ်းပါးချို့တဲ့သူများကို ကူညီစောင့်ရှောက်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် အဖွဲ့ဝင်ဒုတိယဝန်ကြီး ဦးတင်ငွေ၊ ဦးသန့်ရှင်း၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ ဒေါ်စုစုလှိုင်တို့က မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးရှင်းလင်းဆွေးနွေးကြသည်။ ထို့နောက် အတွင်းရေးမှူးဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင် သိမ်းက ပြည်တွင်း ပြည်ပလှူဒါန်း ငွေရရှိနိုင်မည့်အခြေအနေများ၊ လှူဒါန်းထောက်ပံ့နိုင်မည့် အခြေအနေများနှင့် လှူဒါန်းထောက်ပံ့ ပေးရမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေ ရှင်းလင်း ဆွေးနွေးညှိနှိုင်းကြ ပြီး ဆင်းရဲ နွမ်းပါးသူများကူညီစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌက ဆင်းရဲနွမ်းပါသူများ ကူညီစောင့်ရှောက်ရေးအတွက် ရန်ပုံငွေစုဆောင်းရာတွင် ဆင်းရဲနွမ်းပါးသူများ ကူညီစောင့်ရှောက်ရေးအဖွဲ့၏ ရန်ပုံငွေဖြင့် ထောက်ပံ့ခြင်း သာမကဘဲပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တစ်ဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ၊ ဝန်ကြီးဌာနများ အလိုက်ဖြစ်စေ ပါဝင်လှူဒါန်းလိုပါက လှူဒါန်းနိုင်ပါကြောင်း၊ ဆင်းရဲနွမ်းပါးပြီး မိမိတို့နိုင်ငံအတွက်၊ မိမိတို့ဒေသအတွက် ကဏ္ဍစုံနယ်ပယ်အသီးသီး၌ ထူးချွန်စွာဆောင်ရွက်ခဲ့သူများ၊ စွမ်းဆောင်ရည်မြင့်မားသူများသာမက အမှန် တကယ် ဆင်းရဲနွမ်းပါးသူများကိုလည်း ကူညီစောင့်ရှောက်ထောက်ပံ့ ပေးသွားရမည်ဖြစ်ကြောင်းနှင့် မိမိ တို့အဖွဲ့အနေဖြင့် ဆင်းရဲနွမ်းပါးသည့်ပြည်သူများ အားကိုးလာသည်အထိ နိုးနိုးကြားကြားအောင်အောင်မြင်မြင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

နေပြည်တော် ဩဂုတ် ၂၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ဆင်းရဲနွမ်းပါးသူများမှ ပညာထူးချွန်သူများနှင့် ကျန်းမာရေး ချို့တဲ့သူများကို ကူညီစောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားသည့် နိုင်ငံတော်သမ္မတ၏ ဆင်းရဲနွမ်းပါး သူများကူညီစောင့်ရှောက်ရေး အဖွဲ့၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်း

အနာဂတ်အလင်း စာချစ်သူများသို့ နံရံကပ် စာပေရေချမ်းစင် လှူဒါန်း

သြဂုက်၂၇
စာပေချစ်မြတ်နိုးသော လူငယ်များမှ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ကွမ်းခြံအနောက်ပိုင်း ဗိုလ်ချုပ် လမ်းမပေါ်တွင် စာချစ်သူများ ဦးစီ၍ ပြည်သူအများ စာဖတ်ခြင်းဖြင့် စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အနာဂတ် အလင်း စာပေရေးချမ်းစင်ကို ဖွင့်လှစ်ခဲ့သည်။

Wednesday, August 27, 2014

ကူးစက်မြန် အီဘိုလာရောဂါ စောင့်ကြည့်ရှုခြင်းလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိ

နေပြည်တော်၂၇-၈-၂၀၁၄
ကူးစက်မြန် အီဘိုလာရောဂါ စောင့်ကြည့်ရှုခြင်းလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက် ရှိရာ ဝေဘာဂီ အေ ထူးကု ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော အသက် (၂၂)နှစ်ရှိ လူနာအား ပြင်းထန် ငှက်ဖျား ရောက်ဂါ (Severe and

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသာအေး၊ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့်ဇနီး ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ရှေးဟောင်းသမိုင်းဝင် အညာသီဟတော စေတီတော်မြတ်ကြီးရင်ပြင်တော်တွင် တည်ထားကိုးကွယ်သော နဂါးရုံးမြတ်စွာဘုရား ဌာပနာတော်သွင်းမင်္ဂလာနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်

မုံရွာ သြဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ရှေးဟောင်းသမိုင်းဝင် အညာသီဟတော စေတီတော် မြတ်ကြီး ရင်ပြင်တော်တွင် တည်ထားကိုးကွယ်သော နဂါးရုံးမြတ်စွာဘုရား ဌာပနာတော်သွင်းမင်္ဂလာနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို သြဂုတ်လ ၂၄ ရက် နံနက်ပိုင်းက အဆိုပါ ဘုရားရင်ပြင်တော်တွင် ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး

၂၀၁၄ခုနှစ်၊ (နန်ဂျင်း) လူငယ်အိုလံပစ် အားကစားပြိုင်ပွဲမှ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြန်လည် ရောက် ရှိကြိုဆို

ရန်ကုန်၊ ဩဂုတ် ၂၅ ရက်
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် ဩဂုတ်လ (၂၅)ရက်နေ့၊ ည(၁၁)နာရီ(၄၅)မိနစ်က နန်ဂျင်းမြို့မှ Dragon Airline ခရီးစဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက် ရှိရာ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ ကောင်စစ်ဝန်၊ အားကစားနှင့် ကာယ ပညာသိပ္ပံ ကျောင်း အုပ်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

နယ်သာလန်နိုင်ငံမှ ပညာရှင်အဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်အား တွေ့ဆုံ

နေပြည်တော်-ဩဂုတ် ၂၇
ဩဂုတ်(၂၅)ရက် နံနက်(၁၁)နာရီခွဲက နယ်သာလန်နိုင်ငံ ရေအရင်းအမြစ် ကဏ္ဍအမျိုးသားအဆင့် ကျွမ်းကျင် ပညာရှင် (အငြိမ်းစား စိုက်ပျိုးရေးဝန်ကြီး) Dr. Cees Veerman နှင့် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး Mr. Joan Boo တို့ပါဝင်သော ပညာရှင်အဖွဲ့သည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်နှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များအား တွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးမှုဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် - ဩဂုတ် ၂၇
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးမှုဝန်ကြီးဌာန ဝန်ကြီး H.E. Mr.Desmond Swayne ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက်(၁၀)နာရီ (၄၅)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။        

ဓာတုလက်နက် တားဆီးပိတ်ပင်ရေး စာချုပ်ဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ သြဂုတ် ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဓာတုလက်နက် တားဆီးပိတ်ပင်ရေး အဖွဲ့အစည်း (Organisation for the Prohibition of Chemical Weapons-OPCW) တို့၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံတို့၏ ပံ့ပိုးကူညီမှုတို့ဖြင့် ဓာတုလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် (Chemical Weapons Convention) ဆိုင်ရာ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အရှေ့အာရှ စီးပွားရေးဆိုင်ရာ စီးပွားရေးဝန်ကြီးများနှင့် အာဆီယံ အတွင်း ရေးမှူးချုပ် တို့အား လက်ခံတွေ့ဆုံ

နေပြည်တော်-ဩဂုတ် ၂၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အရှေ့အာရှစီးပွားရေးဆိုင်ရာ စီးပွားရေး ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား ယနေ့နံနက် (၁၀)နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

သထုံ အကျဉ်းထောင်အတွင်း နေထိုင်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုက်လံစစ်ဆေး



သထုံ    သြဂုတ်    ၂၆
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သြဂုတ်လ ၂၆ ရက်၊ နံနက် ၁၀ နာရီခွဲက သထုံခရိုင် တရားသူကြီး ဒေါ်အေးအေးသိန်းနှင့် တာဝန်ရှိသူတို့က သထုံ အကျဉ်းထောင်အတွင်း လိုက်လံစစ်ဆေး ကြည့်ရှုခဲ့သည်။

၂၀၁၄ခုနှစ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ(ဒိုင်း) ရပ်/ကျေး ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပ



ကျိုက်ထိုမြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီမှ ကြီးမှူးကျင်းပသော ကော်မတီဥက္ကဌ ဒိုင်း ရပ်/ကျေး ဘောလုံးပြိုင်ပွဲကို လွန်ခဲ့သည့် ရက်သတ္တပတ်က ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများမှ ဘောလုံး အသင်း(၁၁)သင်း 

ကရသူရိမြို့နယ်ခွဲတွင် ကျောက်ထုလုပ်သားများ ဝင်ငွေကောင်း၍ ဝမ်းသာပျော်ရွှင်

ကရသူရိမြို့နယ်ခွဲ ၊ သြဂုတ် ၂၆ ရက်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့နယ်ခွဲတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် သတ်မှတ်ငွေဖြင့် လာမည့် နွေဦးရာသီအတွင်း ဘုတ်ပြင်း-ကရသူရိ လမ်းမကြီးအား ကတ္တရာခင်းလမ်း အဆင့်သို့မြှင်တင်ခြင်း

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် သံဃာ့ဆေးကုသဆောင် တည်ဆောက်ရေး ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကျင်းပ

ကော့သောင်း သြဂုတ် ၂၆
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် သံဃာ့ဆေးကုသဆောင် တည်ဆောက်ရေး ပန္နက်တော်တင်မင်္ဂလာ အခမ်း အနားကို သြဂုတ် (၂၅) ရက် ၊နံနက်(၈ ) နာရီက ၊ကော့သောင်းမြို့ ၊ ကုတင်(၁၀ဝ)ခရိုင် ပြည်သူ့ဆေးရုံဝင်း အတွင်း ပြုလုပ်ကျင်းပသည်။

(၄၆) ကြိမ်မြောက် အာဆီယံ စီးပွားရေး ၀န်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများမှ ပူးတွဲ ကြေညာချက်များ ထုတ်ပြန်

နေပြည်တော် သြဂုတ် ၂၆
ယနေ့ ကျင်းပခဲ့သည့် အာဆီယံ စီးပွားရေး ၀န်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ အပြီးတွင် ပူးတွဲ ကြေညာချက် (၅) စောင်ကို ထုတ်ပြန် ကြေညာခဲ့သည်။

ကျေးရွာပြည်သူများနှင့်တွေ့ဆုံ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်




နေပြည်တော်-ဩဂုတ် ၂၆

သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်း၊ တိုင်းဒေသကြီးအစိုးရ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစောမြင့်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဩဂုတ် (၂၄)ရက် မွန်းလွဲ (၂)နာရီတွင် ကျေးနင်းကြီး ကျေးရွာ ဘုန်းတော်ကြီး ကျောင်းအရှေ့ ကျောင်း၌ ကျင်းပပြုလုပ်သည့် မြောက်ယမားလက်ယာ လက်တံ (တိုးချဲ့) ရေသောက်စခန်း စနစ်စီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

ဒုတိယသမ္မတဦးဉာဏ်ထွန်း အာဆီယံ-ဂျပန် စီးပွားရေးကောင်စီနှင့် ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ




နေပြည်တော်-ဩဂုတ် ၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးဉာဏ်ထွန်း သည် အာဆီယံ-ဂျပန် စီးပွားရေးကောင်စီနှင့် ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ Mr. Akio Mimura ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Tuesday, August 26, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမျိုးသားအဆင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်၍ ဆုရရှိသူများအား ဆုပေးအပ်ချီးမြှင့်





နေပြည်တော်-ဩဂုတ် ၂၆

အဆင့်မြင့်ပညာကဏ္ဍ အမျိုးသားအဆင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၃)နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)  (MICC-II) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်အားပေးပြီး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်နှင့်အဖွဲ့ မြေပုံနှင့် စစ်တွေမြို့နယ် ကယ်ဆယ်ရေးစခန်းများသို့သွားရောက်ကြည့်ရှု




စစ်တွေ-ဩဂုတ် ၂၆

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ နမ်ဗီးယားနှင့်အဖွဲ့သည် ဩဂုတ်(၂၄)ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးအောင်သန်းတင်တို့နှင့်အတူ မြေပုံမြို့သို့ ရောက်ရှိပြီး မြေပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကွန်ရက်၊ အမျိုးသမီးကွန်ရက် (ယာယီ)၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ NGO,  INGOs အဖွဲ့များ၏ အခန်းကဏ္ဍများနှင့် နှစ်ဖက်လူ့အဖွဲ့အစည်းများအကြား ပြန်လည်သင့်မြတ်စွာ နေထိုင်ရေးကိစ္စရပ် များကို ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ဩစတြေးလျနိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ




နေပြည်တော်-ဩဂုတ် ၂၆


စီးပွာရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်သည် ဩဂုတ်(၂၆)ရက် နံနက် (၉)နာရီခွဲတွင် ဩစတြေးလျနိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး H.E.Mr. Andrew Robb AOMP ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှုလျင်မြန်ချောမွေ့ရေး၊ ကုန်သွယ်မှုဖြေလျော့ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ကုန်သွယ်မှုဆိုင်ရာ အသိပညာပေးရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးကဏ္ဍအပါအဝင် အခြားကဏ္ဍများအတွက် ကျွမ်းကျင်သူများဖြင့် နည်းပညာများ ကူညီပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 

ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ အစည်းအဝေးကျင်းပ



နေပြည်တော်-ဩဂုတ် ၂၆

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ဦးချင်းဝင်ငွေ တိုးတက်ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် ဆင်းရဲမှုရာခိုင်နှုန်း ၂၆ ရာခိုင်နှုန်း မှ ၁၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်မည် ဖြစ်ပါကြောင်းဖြင့် ဩဂုတ်(၂၅)ရက် နံနက်(၁၀)နာရီခွဲတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် သား/ငါး ကုန်ထုတ် လုပ်မှုနှင့် ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ အစည်းအဝေး(၇/၂၀၁၄)တွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောကြားသည်။

အရာထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၁၄)ဖွင့်



နေပြည်တော်-ဩဂုတ်(၂၆)

နိုင်ငံတော်၏ တတိယအဆင့် (Third Wave) ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်းသည့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးအဆင့် အရာထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၁၄) ဖွင့်ပွဲကို ဩဂုတ်(၂၅)ရက် နံနက်(၉)နာရီက ရန်ကုန်မြို့ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့် တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားသည်။

ဒုတိယဝန်ကြီး ဦးခင်မောင်အေး၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှ ဌာနေကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ငါးဖမ်းရေယာဉ်များ စောင့်ကြည့်ထိန်းချုပ်ရေးစနစ် သရုပ်ပြပွဲကြည့်ရှု


နေပြည်တော် သြဂုတ် ၂၆
၁။         မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး သည် (၂၅.၈.၂၀၁၄)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် ရန်ကုန်မြို့၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ ငါး၊ ပုစွန်မွေးမြူရေး၊ ရေထွက်ပစ္စည်းပို့ကုန်လုပ်ငန်းရှင်များပါဝင်သောအလုပ်အဖွဲ့(Working Group)များမှ တာဝန်ရှိသူများ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ပုစွန်မွေးမြူရေး တိုးတက်ဖွံ့ဖြိုးရေး နှင့် ရေထွက်ပစ္စည်းပို့ကုန်များ၊ စီမံကိန်းလျာထားချက်အမှီ ပိုမိုတင်ပို့နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ပါသည်။

ညောင်ဦးတွင် မိုးပွင့် အဆင့် (၆) စီမံချက် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ညောင်ဦး ဩဂုတ် ၂၆
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန မြို့နယ် ဦးစီး ဌာနမှူးရုံးမှ လဝကမှူး ဦးအောင်ကျော်ခိုင်နှင့် ဝန်ထမ်းများက ပုဂံမြို့အခြေခံပညာအထက်တန်းကျောင်းမှ အသက် (၁၀)နှစ်ပြည့် ပြီးသူ ကျောင်းသားကျောင်းသူ (၃၉၀)ဦးအား မိုးပွင့်အဆင့် (၆)စီမံချက်ဖြင့် နိုင်ငံသား စီစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါနိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဌေးလွင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးထိန်လင်းတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အရာတော်မြို့နယ်၊ ငှက်ပျောခြံကျေးရွာမှ ပြည်သူများ မိုးပွင့်အဆင့်(၆)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ရရှိ

မုံရွာ ဩဂုတ်(၂၆)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ငှက်ပျောခြံကျေးရွာတွင် မိုးပွင့်အဆင့်(၆)ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ်လ (၂၄)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ငှက်ပျောခြံ ကျေးရွာ စာသင်ကျောင်းတွင် ကျင်းပရာ

ညောင်ဦးခရိုင်၊ မြင်းခြံခရိုင် နှင့် MYANMAR EGRESS CAPACITY DEVELOPMENT CENTRE အဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုအား တတိယအဆင့်အရှိန်အဟုန်မြှင့်တင်မှု (Third Wave) အတွက် အလုပ်ရုံ ဆွေးနွေးပွဲ နှင့် စွမ်းရည်မြှင့်သင်တန်း ညောင်ဦးတွင် ဖွင့်လှစ်

ညောင်ဦး ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ မြင်းခြံခရိုင် နှင့် MYANMAR EGRESS CAPACITY DEVELOPMENT CENTRE အဖွဲ့တို့ပူးပေါင်း၍ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်အဟုန် မြှင့်တင်မှု (Third Wave) အတွက် အလုပ်ရုံဆွေးနွေးပွဲနှင့် စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ

ရာသီဥတု ဆိုးရွားသော်လည်း ပုပ္ပါးတောင်မကြီးသို့ မိတ္ထီလာတက္ကသိုလ် ခြေလျင်တောင်တက် အသင်းသားများ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့

မိတ္ထီလာ ဩဂုတ် ၂၆
မိုးတွင်းကာလဖြစ်၍ ရာသီဥတု ဆိုးရွားသော်လည်း ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ၄၉၈၁ မြင့်မားသည့် ပုပ္ပါးတောင်မကြီးသို့ ဩဂုတ် ၂၃ နံနက် ၁၁ နာရီက မိတ္ထီလာ တက္ကသိုလ် ခြေလျင်တောင်တက် အသင်းသားများ အောင်မြင်စွာ တက်ရောက်နိုင်ကြောင်း သိရသည်။

မိတ္ထီလာခရိုင် ရမည်းသင်းခရိုင်အတွင်းရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင် ရေး သင်တန်း(၁/၂၀၁၄)ဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်

မိတ္ထီလာ ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ရမည်းသင်းခရိုင်းအတွင်းရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (၁ /၂၀၁၄)ဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၂၄ ညနေ ၄နာရီခွဲက မိတ္ထီလာမြို့ ကန်တော်မင်္ဂလာ ခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။

သာစည်မြိ့နယ် ကြပ်စခန်းကျေးရွာအုပ်စု၏ ပထမအကြိမ်ကျေးရွာအုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ

သာစည် ဩဂုတ် ၂၆
 မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကြပ်စခန်းကျေးရွာအုပ်စု၏ ပထမအကြိမ် ကျေးရွာအုပ်ချုပ်ရေးမှူး ဖလား မိုးရာသီ ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၃၀ ရက်နေ့မှ ဩဂုတ် ၂၅ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

သထုံမြိုနယ်၊ သုဝဏ္ဏဝတီမြို့ရှိ ရေဘေးသင့် ကျောင်းသား/ကျောင်းသူများအား ပြည်ပရှိပအိုဝ်းလူငယ် ပရဟိတအဖွဲ့မှ ကျောင်းသုံးပုံနှိပ်များ လှူဒါန်း

သထုံ ၊ ဩဂုတ် ၊ ၂၅
သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ ကျိုက္ကော်၊ သိမ်ဆိပ်၊ တောင်ကြားရပ်ကွက်များနှင့် အနီးဝန်း ကျင် ကျေးရွာများရှိ ကျောင်းများမှ ရေဘေးဒဏ်ခံ ကျောင်းသားကျောင်းသူများအား ငွေကျပ် ၇ သိန်း နီးပါးတန်ဖိုးခန့်ရှိ

ကျေးရွာအခြေခံသမဝါယမ အသင်းအမှုဆောင်များ စာရင်းရေး၊ စာရင်းကိုင် ဆင့်ပွားပညာပေး သင်တန်းဖွင့်

ကြို့ပင်ကောက်    သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် သမဝါယမ ဝန်ကြီးဌာန၊ မြို့နယ်သမ ဝါယမ ဦးစီးဌာနမှဦးစီး၍ ကျေးရွာသမဝါယမအသင်း အမှုဆောင်များအား စာရင်းရေး၊စာရင်းကိုင် ဆင့်ပွား ပညာပေးသင်တန်း (၂/၂၀၁၄) ကို သြဂုတ်လ(၂၄)ရက်မှ (၂၈)ရက်နေ့အထိ (၅)ရက်ဖွင့်လှစ်သွားမည် ဖြစ်သည်။