လားရှိုး ဇွန် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ မြို့တော်ခန်းမတွင် ဇွန်လ ၂၈ ရက် နံနက်
၉ နာရီအချိန်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ၏ ပို့ဆောင်ဆက်သွယ်ရေးနှင့်
ဆောက်လုပ်ရေး ဆပ်ကော်မတီမှ (Delivery Unit) အဖွဲ့ဝင်များနှင့်
လားရှိုးမြို့ ပြည်သူလူထုတွေ့ဆုံပွဲ
အခမ်းအနားကိုကျင်းပရာ ပို့ဆောင်ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးကော်မတီ ဉက္ကဌ၊ဆောက်လုပ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးစိုးတင့် ကလည်းကောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးဝင်းသန်း ကလည်းကောင်း၊ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်သိန်း ကလည်းကောင်း
အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆပ်ကော်မတီတွင် ပါဝင်သည့် ဝန်ကြီးဌာန(၄)ခုနှင့် သက်ဆိုင်သည့် အများပြည်သူ၏ ဆန္ဒ်၊လိုအပ်ချက်များကို
ဦးစားပေးမေးမြန်းဆွေးနွေးပေးခြင်းဖြင့် ဆပ်ကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်း
စဉ်များကိုပိုမိုထိရောက်အောင်မြင်စွာဖြင့် အမြန်ဆုံးဖြေရှင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊
ကြိုတင်ပေးပို့ထား သော မေးမြန်းချက်များအပြင် သီးခြားထပ်မံမေးမြန်းရန် မေးမြန်းချက်များရှိပါက
ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ ဉက္ကဌရုံး၊ ရုံးအမှတ်(၁၁)၊နေပြည်တော်၊၀၆၇-၄၀၇၃၅၉
သို့စာဖြင့်လည်းကောင်း၊ E-mail ဖြင့်လည်းကောင်း၊ပို့ဆောင်ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆပ်ကော်မတီ(Delivery
Unit) လူမှုကွန်ယက် Face Book စာမျက်နှာသို့လည်းကောင်း ပေးပို့မေးမြန်းနိုင်ကြောင်း
ပါရှိပါသည်။
ထို့နောက် တက်ရောက်လာကြသော တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ သိန်းနီမြို့နယ်၊
လားရှိုးမြို့နယ်၊ မူဆယ်မြို့ နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွမ်းလုံမြို့နယ်၊ လောက်ကိုင်မြို့နယ်၊
ကုန်းကြမ်းမြို့နယ်၊ ဟိုပန်မြို့နယ်တို့မှ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီမှ
ဉက္ကဌများ၊အတွင်းရေးမှူးများ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ အဖွဲ့ဝင်များတို့ကဒေသနှင့်သက်ဆိုင်သောအချက်အလက်
မေးမြန်းချက်များကို မေးမြန်းခဲ့ကြကြောင်းသိရှိရ ပါသည်။
hi still using zawgyi font in MOI?? :D :D
ReplyDelete