Monday, June 30, 2014

ရေး-ထားဝယ် ရထားလမ်းပိုင် ရထားလမ်းဘေး ဝဲ၊ယာတစ်လျှောက် သစ်ပင်၊ဝါးပင်များ၊တောခြုံများခုတ်ထွင် ရှင်းလင်း



ထားဝယ် ဇွန် ၃၀
ရထားစီး ခရီးသည်များ ဘေးကင်းလုံခြုံ၍ စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေးအတွက် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊မြန်မာ့မီးရထားသည် ရေး-ထားဝယ် ရထားလမ်းပိုင်း ၊ရထားလမ်းဘေးဝဲ၊ ယာ တစ်လျှောက် သစ်ပင်၊ဝါးပင်များ၊ ခြုံနွယ်ပိတ်ပေါင်းများကို ယမန်နေ့ နံနက်(ဝ၇းဝ၀)နာရီအချိန်တွင် ခုတ်ထွင်ရှင်းလင်းခဲ့ပါသည်။

ရထားပို့ ဆောင်ရေးဝန်ကြီးဌာန ၏လမ်းညွှန်မှု၊တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံ ဆောင်ရွက် ပေးမှု ၊မြန်မာ့မီးရထား မြို့ပြဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ရေး- ထားဝယ် ရထား လမ်းပိုင်း ရထား လမ်းဘေး တစ်လျှောက် ရထားတွဲများ နှင့် လွတ်ကင်းမှု မရှိသည့် သစ်ပင်၊ဝါးပင်၊တောခြုံများ ကို ဒေသခံလုပ်သား များ ၏ အားဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။
ရေး-ထားဝယ် ရထားလမ်းပိုင်း ခရီးမိုင်အကွာအဝေး မိုင်(၁၀ဝ)အတွင်း ဘူတာကြား(၈)ခုရှိပြီး ဇွန်(၁၈) ရက်မှစ၍ သစ်ပင်ခြုံနွယ်များ ရှင်းလင်းဆောင်ရွက်ခဲ့ရာ (၂၂)မိုင်ခန့်ရှိသည့် ဟိန္ဖဲ-သက်ကယ်ကွက် ဘူတာကြား နှင့် သက်ကယ်ကွက်-ရေဖြူ ဘူတာကြား(၂)ခုကို ခုတ်ထွင်ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ဘူတာကြား(၈)ခု ကို ဇူလိုင်လအတွင်းအပြီးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment