Saturday, June 28, 2014

ဆရာဝန်ဆေးကုသခွင့်လိုင်စင် (ဆမ) ထုတ်ပေးရေး မွမ်းမံသင်တန်းနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန် မှတ်ပုံတင် (သခ)ထုတ်ပေးရေး မွမ်းမံသင်တန်းများ အတွက် လျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးဝန်ကြီးဌာန
ဆေးသိပ္ပံပညာဦးစီးဌာန
ဆရာဝန်ဆေးကုသခွင့်လိုင်စင် (ဆမ) ထုတ်ပေးရေး မွမ်းမံသင်တန်းနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန် မှတ်ပုံတင် (သခ)ထုတ်ပေးရေး မွမ်းမံသင်တန်းများ အတွက် လျှောက်လွှာခေါ်ယူခြင်း

၁။         ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသိပ္ပံပညာဦးစီးဌာနအောက်ရှိဆေးတက္ကသိုလ်(၂)၊ ရန်ကုန်တွင် ဆရာဝန် ဆေးကုသခွင့် လိုင်စင် (ဆမ) ထုတ်ပေးရေး မွမ်းမံသင်တန်းနှင့် သွားဘက်ဆိုင်ရာ ဆေးတက္က သိုလ်၊ ရန်ကုန်တွင် သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်မှတ်ပုံတင်(သခ) ထုတ်ပေးရေးမွမ်းမံ သင်တန်းကို ၂ဝ၁၄ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ဖွင့်လှစ်မည်ဖြစ်၍ ၂ဝ၁၄ခုနှစ်ထိ မတိုင်မီဘွဲ့ လက်မှတ် ရရှိထားပြီး ဆရာဝန်ဆေးကုသခွင့်လိုင်စင်(ဆမ)/ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန် မှတ်ပုံတင် (သခ) မရရှိ သေးသူများနှင့် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လုပ်သက်(၁)နှစ် မပြည့်ဘဲ အလုပ်မှ ထုတ်ပစ်ခြင်း ခံရသူများ (သို့မဟုတ်) (၁)နှစ်နှင့်အထက် တာဝန်ထမ်းဆောင်ခဲ့သော်လည်း အလုပ်မှ ထုတ်ပစ်ခြင်း ခံရပြီးနောက် (၃)နှစ်ကာလကျော်လွန်နေသည့် ဆရာဝန်များ လျှောက်ထား နိုင်ပါကြောင်း ကြေညာအပ်ပါသည်။
၂။ လျှောက်လွှာပိတ်ရက် - ၂၃-၇-၂ဝ၁၄
၃။ လျှောက်ထားရမည့်နေရာ - ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ ရန်ကုန်
၎။ အသေးစိတ်အချက်အလက်များကို ဆေးသိပ္ပံပညာ ဦးစီးဌာန(ရုံးချုပ်)နေပြည်တော်၊ ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ရန်ကုန်များတွင် မေးမြန်းစုံစမ်းနိုင်ပါသည်။
စုံစမ်းမေးမြန်းရန် ဖုန်းနံပါတ်-ဝ၆၇-၄၁၁၂၃၇(ဆေးသိပ္ပံပညာဦးစီးဌာန)
 ဝ၁-၉၆၉၉၈၅၂(ဆေးတက္ကသိုလ်(၂)။ရန်ကုန်)
ဝ၁-၅၇၁၂၇၃(သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ရန်ကုန်)

 ဆေးသိပ္ပံပညာဦးစီးဌာန

No comments:

Post a Comment