Saturday, June 28, 2014

သိမ်းဆည်းလယ်ယာမြေများ မူလပိုင်ရှင်များထံ တတိယအကြိမ် မိုင်းဆတ်၌ ပြန်လည်ပေးအပ်

မိုင်းဆတ် ဇွန် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် သိမ်းဆည်းထားသော လယ်ယာမြေများအား မူလပိုင်ရှင်များထံ တတိယအကြိမ် ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂၇ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ


မြို့နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးအေးနိုင်က အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးယောဘ၊ မြို့နယ်မြေအသုံးချမ စီမံခန့်ခွဲရေး ကော်မတီဥက္ကဌ ဦးအေးနိုင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဥက္ကဌ ဦးစိုင်းချစ်သောင်းနှင့် တာဝန်ရှိသူတို့က တပ်မတော် မှပြန်လည်စွန့်လွတ်သည့် သိမ်းဆည်းခံလယ်ယာမြေ (၉၆.၂၈)ဧကကို မူလပိုင်ရှင်တောင်သူ (၁၀၀)ဦးသို့ ပြန်လည်လွဲပြောင်း ပေးအပ်ရာ တောင်သူများကိုယ်စား တောင်သူ ဦးထွန်းလင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားကြောင်းသိရသည်။

No comments:

Post a Comment