Saturday, June 28, 2014

အငှားယဉ်မောင်းငွေများကို ခရီးသည်နှစ်ဦးက လုယက်

ထန်တပင် ဇွန် ၂၇
ထန်းတပင်မြို့နယ်အတွင်း ဇွန် ၂၅ ရက် ညနေ ၆ နာရီက ရန်ကုန်-ညောင်တုန်းကားလမ်း အစုကြီး ကျေးရွာအနီးတွင် အငှားယာဉ်မောင်းထံမှ ငွေများကို ခရီးသည် အမျိုးသား နှစ်ဦးက လုယက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်နေ အငှားယာဉ်မောင်း ဦးမိုးအောင်ဇော် (၄၀)နှစ်သည် ၎င်း၏ အငှားယဉ်ဖြင့် လှိုင်သာယာမြို့နယ် ဒဂုံဧရာ အဝေးပြေးဝင်းရှေ့၌ ခရီးသည် စောင့်ဆိုင်းနေစဉ် အမျိုးသားလူငယ် နှစ်ဦးက ထန်းတပင်မြို့နယ်သို့ ငွေကျပ် ၅ဝဝဝ ဖြင့်ငှားရမ်းခဲ့၍ လိုက်ပို့ပေးခဲ့ကြောင်း၊ ထန်းတပင်မြို့နယ် ရန်ကုန်- ညောင်တုန်းလမ်း အစုကြီးကျေးရွာ ထိပ်အနီးအရောက် ယာဉ်နောက်ခန်း တွင် လိုက်ပါလာသူလူငယ်က အပေါ့ သွားမည်ပြောသဖြင့် ယာဉ်ကို ခေတ္တရပ်ပေးခဲ့ပြီး ဆက်လက် မောင်းနှင်ခဲ့ကြောင်း၊ ဓာတ်တိုင်နှစ်တိုင်ခန့် အရောက်တွင် ယာဉ်ရှေ့ ခန်းရှိလူငယ်ကလည်း အပေါ့သွားလို ကြောင်းပြောသဖြင့် ယာဉ်ကိုရပ်ပေးခဲ့ပြီး ပြန်တက်လာ စဉ် ယာဉ်နောက် ခန်းတွင် လိုက်ပါလာသည့်လူငယ်က ၎င်း၏ လည်ပင်းကို သိုင်းဖက်၍ ချုပ်ထားကာ ယာဉ်ရှေ့ခန်းရှိ လူငယ်က ၎င်း၏လက်အား ကိုင်ဆွဲခဲ့ကြောင်း၊ ၎င်းက ရုန်းကန်စဉ် ယဉ်နောက်ခန်းရှိ လူငယ်က အိတ်ကပ်အတွင်းရှိ ငွေကျပ် ၂၁ဝဝဝ လုယူခဲ့၍ သံတုတ် ဖြင့် ရိုက်မည်ပြုရာ လူငယ်နှစ်ဦးမှာ ယာဉ်ပေါ်မှ ဆင်းပြေးသွားခဲ့သည်။
ထို့နောက် ဦးမိုးအောင်ဇော်က ဒဂုံဧရာအဝေးပြေးဂိတ်ရှိ သူငယ် ချင်းများအား သွားရောက်ခေါ်ဆောင်ပြီး တက်သစ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ ဝင်များနှင့်ပူးပေါင်း၍ အဆိုပါ လူငယ်နှစ်ဦးအား လိုက်လံရှာဖွေခဲ့ရာ ယာဉ်ရှေ့ ခန်းတွင် လိုက်ပါခဲ့သူ လူငယ် အားတွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စစ် ဆေးရာ လှိုင်သာယာမြို့နယ် (၈) ရပ်ကွက်နေ ပိုင်မင်းလွင် (၁၈ နှစ်) ဖြစ်ကြောင်းသိရှိရပြီး ထွက်ပြေးသွားသူမှာ ၎င်းနှင့် ယောက်ဖတော်စပ်သူ ကောင်းခန့်ဇော် (၂၅နှစ်) ဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအား ထန်းတပင်မြို့နယ် တက်သစ်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူကာ ထွက်ပြေးတိမ်း ရှောင်သွားသူ ကောင်းခန့်ဇော်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment