Monday, June 30, 2014

မလှိုင်မြို့ ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုနေရာ အခက်အခဲအား ဖြည့်ဆည်းပေးမည့် အေးမေတ္တာ ဆေးကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

မလှိုင် ဇွန် ၂၉
မိတ္ထီလာခရိုင်  မလှိုင်မြို့ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနေရာ အခက်အခဲအား ဖြည့်ဆည်းပေးမည့် ငွေကျပ် ၁၂၅၀ သိန်းခန့် ကုန်ကျခံဆောက်လုပ်ထားသည့်      အလျား ၈၂ပေ၊ အနံ ၆၈ ပေ    စတီးလ် အာစီရ် တစ်ထပ်အဆောက်အအုံ  အေးမေတ္တာ ဆေးကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၈ နံနက် ၉ နာရီက အဆိုပါ ဆေးကုသဆောင်သစ်တည်ရှိရာ မလှိုင်ကုတင် ၅၀ ဆံ့ ပြည်သူဆေးရုံကြီးတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ မလှိုင်မြို့ နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက် ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်အားပေးကြောင်း သိရသည်။

No comments:

Post a Comment