Saturday, June 28, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ် အမျိုးသား ပြည်သူ့ကွန်ကရက် ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး


ပေကျင်း ဇွန် ၂၇
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်အမျိုးသား ပြည်သူ့ကွန်ကရက် ဥက္ကဋ္ဌ မစ္စတာ ကျန်တဲကျန်းအား ယနေ့ ညနေ (၄)နာရီတွင် ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်ကြီး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေပြုရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ပြည်သူချင်း ဆက်ဆံမှု တိုးမြှင့်ရေး တို့ကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြသည်။ 

No comments:

Post a Comment