Saturday, June 28, 2014

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုး

သထုံ ၊ ဇွန် ၊ ၂၇
၂၀၁၄ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၂၇ ရက်နေ့၊ နံနက် ၈ နာရီက သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ တံတားဦးကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း၌ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့က ဦးဆောင်ကာ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် သထုံခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နွေမိုးအေးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ တို့က ပျိုးပင်များကို ဖြန့်ဝေပေးအပ်ကြပြီးနောက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၄၅၀ တို့က ကျွန်း၊ မဟော်ဂနီ၊ ယူကလစ်၊ စိန်ပန်း၊ အာသောက စသည့်ပျိုးပင်ပေါင်း ၄၅၀ ကို သတ်မှတ်နေရာ အသီးသီးတွင် တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment