Saturday, June 28, 2014

မြန်မာ့လက်ရွေးစင် အသင်းနှင့် ဆီရီဇိုအိုဆာကာအသင်းတို့ ယနေ့ ခြေစမ်းမည်

ရန်ကုန် ဇွန် ၂၇
အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျေ လိဂ်ကလပ် ဆီရီဇိုအို ဆာကာ အသင်းတို့၏ ခြေစမ်းပွဲကို ဇွန် ၂၈ ရက် ညနေ ၅ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲမှာ မြန်မာ-ဂျပန် သံတမန် ဆက်ဆံရေးနှစ် (၆ဝ) ပြည့်အထိမ်း အမှတ်အဖြစ် ကျင်းပခြင်းလည်း ဖြစ်သည်။

ယင်းခြေစမ်းပွဲအတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်း လွဲပိုင်းက MFF ရုံး၌ ပြုလုပ်ခဲ့သည်။
မြန်မာအသင်းနည်းပြချုပ်အေဗရာမိုဗစ်က '' မိမိတို့အသင်းမှာဆူဇူ ကီးဖလားပြိုင်ပွဲအတွက် အဓိက ပြင်ဆင်နေခြင်း ဖြစ်ကြောင်း၊ ကစားသမားများ အနေဖြင့်လည်း အသင်း ကောင်းတစ်သင်းကို ဘယ်လိုကစား ရမလဲဆိုတာ သိရှိစေပါ ကြောင်း'' ဖြင့်ပြောကြားခဲ့သည်။

ကွင်းဝင်ကြေးအဖြစ် အထူးတန်း ငွေကျပ်၁ဝဝဝ၊ ရိုးရိုးတန်းငွေကျပ် ၅ဝဝ သတ်မှတ်ထားပြီး လာရောက် ကြည့်ရှုအားပေးသော ပရိသတ်များကို ဟန်းဆက်နှင့် မြန်မာအသင်းဂျာစီများ ပထမပိုင်းအပြီးတွင် ကံစမ်းမဲ ဖောက်ပေးသွားမည်ဖြစ်သည်။ 

No comments:

Post a Comment