Monday, May 26, 2014

ပြန်ကြားရေးဝန်ကြီးဌာန Video-conferencing စက်ပစ္စည်းများ ဝယ်ယူခြင်းနှင့် တပ်ဆင်ခြင်း လုပ်ငန်း အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

နေပြည်တော် မေ ၂၆
၁။ ပြန်ကြားရေးဝန်ကြီးဌာနနှင့် လက်အောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများတွင် video conferencing စက်ပစ္စည်းများ ဝယ်ယူခြင်းနှင့် တပ်ဆင်ခြင်း လုပ်ငန်းများကို (Turn Key) စနစ် ဖြင့် ဆောင်ရွက်လိုပါသည်။
၂။ အိတ်ဖွင့်တင်ဒါများကို ၂၉-၅-၂၀၁၄ ရက်မှ ၁၂-၆-၂၀၁၄ ရက်အထိ နေ့စဉ် ၀၉း၃၀ နာရီမှ ၁၆း၃၀ နာရီအတွင် အဖွဲ့ခွဲ(၂)၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၊ နေပြည်တော်တွင် လာရောက် ထုတ်ယူ နိုင်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါများကို ၁၃-၆-၂၀၁၄ ရက်နေ့ နံနက် (၀၉၃၀)နာရီမှ (၁၆၃၀)နာရီ အတွင်း ပြန်ကြားရေး ဝန်ကြီးဌာန၊ အဖွဲ့ခွဲ(၂)၊ နေပြည်တော်ရှိ တင်ဒါအဖွဲ့များ ရှေ့မှောက်၌ လာရောက်ပေးသွင်းရန် ဖြစ်ပါသည်။ သတ်မှတ်ကာလ ကျော်လွန်သော တင်ဒါများကို ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ။
၎။ တင်ဒါရွေးချယ်မည့်နေ့ရက်မှာ ၁၉-၆-၂၀၁၄ ရက်နေ့၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၊ ဝန်ကြီးရုံးခန်းမ၊ နေပြည်တော်တွင် ဖြစ်ပါသည်။
၅။ အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ် အချက်အလက်များ သိရှိလိုပါက ဖုန်း-၀၆၇-၄၁၂၃၂၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေး ကော်မတီ
ပြန်ကြားရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၊ နေပြည်တော်။  ဖုန်း-၀၆၇-၄၁၂၃၂၇
တင်ဒါပုံစံများ ထုတ်ယူရန်လိပ်စာ

အဖွဲ့ခွဲ(၂)၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၊ နေပြည်တော်ဖုန်း-၀၆၇-၄၁၂၃၂၇

No comments:

Post a Comment