Tuesday, May 27, 2014

မီးကြွင်းမီးကျန်မှ အိမ် (၂၂)လုံး မီးလောင်ကျွမ်း

ကသာ  မေ - ၂၅
ပူပြင်းခြောက်သွေ့သော ရာသီတွင် မီးမလောင်ရေးအတွက် မီးဘေးလုံခြုံရေး စောင့်ရှောက်ရေးအဖွဲ့မှ နေ့စဉ် ဆောင်ရွက်နေစဉ် မေ (၂၅) ရက် နံနက် (၂)နာရီ အချိန် လုံခြုံရေးအဖွဲ့များ
နားချိန်အတွင်း နံနက် (၃)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ နောင်ကန်အုပ်စု၊နောင်ကွတ်ကျေးရွာ၊ ဒေါ်မယ်ညွှန့် အသက် (၈၃)နှစ်နှင့် အသက် (၆)နှစ်ရှိ မြေး မအိထွေး တို့အိပ်နေစဉ် ထမင်းချက်ခန်းရှိ မီးကြွင်းမီးကျန်မှ မီးစတင်လောင်ခဲ့ရာ လူနေအိမ် (၂၂)လုံး မီးလောင်ကျွမ်းခဲ့သည်။
မီးလောင်ရာကျေးရွာသို့ ကြားလျှင်ကြားခြင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်း၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးပြည့်ဖြိုးငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ တာဝန်ခံနှင့် မံစီရဲစခန်း မှ စခန်းမှူးတို့ သွားရောက်ပြီး မီးဘေးသင့်ပြည်သူများကိုတွေ့ဆုံကာ ဘုန်းတော်ကြီးကျောင်းနှင့် အခြေခံ ပညာ မူလတန်းကျောင်းဆောင်များတွင် ယာယီနေရာများချထားပေးပြီး လိုအပ်သည်များကို ပံ့ပိုးခဲ့သည်။

မီးလောင်မှုကြောင့် ကျား (၇၇) ဦး၊ မ (၈၁)ဦး၊ စုစုပေါင်း (၁၅၈) ဦးကို အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဆုံးရှုံးမှု တန်ဘိုးမှာ သိန်း (၅၀)ကျော်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment