Saturday, May 31, 2014

ဒုတိယ ဝန်ကြီး ဦးပိုက်ထွေး သရက် မြို့နယ်နှင့် ကံမမြို့နယ် အတွင်း ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှု စစ်ဆေး

နေပြည်တော်-မေ-၃၀
ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက် ထွေးသည် ယနေ့ နံနက်(၁၀)နာရီတွင် သရက်မြို့ နယ်ခန်းမ၌ မြို့မိမြို့ဖများ၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်မှု အထောက် အကူပြု ကော်မတီ ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာ များနှင့် တွေ့ဆုံပွဲ အခမ်း အနားတွင် အမှာစကား ပြောကြား၍ သရက်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအပေါ် မေးမြန်း ဆွေးနွေးခဲ့ပြီး ကျေးရွာ စာကြည့် တိုက်များ အတွက် စာအုပ် စာစောင်များ၊ အားကစား ပစ္စည်းများ ပေးအပ်လှူဒါန်းရာ သဟာ ယစာဖတ် အသင်း ဥက္ကဋ္ဌ ဦးမြင့်ဖေက လှူဒါန်းမှု အပေါ် ကျေးဇူး တင်ရှိကြောင်း ပြောကြားပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် စကားပြန်လည်ပြောကြားသည်။



ဆက်လက်၍ အနောက်ရပ် တောင်ပိုင်း အောင်သီရိ ရပ်ကွက်တွင် စတင် ဆောက်လုပ်လျက် ရှိသည့် ဘိုးဘွား ရိပ်သာကို သွားရောက် ကြည့်ရှု အားပေးကာ ဒုတိယဝန်ကြီး ဦးပိုက်ထွေး မိသားစုက အလှူငွေများ ပေးအပ် လှူဒါန်းခဲ့သည်။
ထို့နောက် ကံမမြို့နယ် ခြောက်ပင် ကျေးရွာ သို့ ရောက်ရှိပြီး ကျေးရွာ အလယ်တန်း ကျောင်းအဆင့် တိုးမြှင့်ဖွင့် လှစ်ပွဲ အခမ်းအနားသို့တက်ရောက်၍ ဒုတိယဝန်ကြီး ဦးပိုက်ထွေး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇအောင်၊ ခြောက် ပင် ကျေးရွာ အထောက် အကူပြုဥက္ကဋ္ဌ ဦးညွန့်ရွှေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး၍ ဒုတိယဝန်ကြီးက အမှာစကား ပြောကြားပြီး ကျောင်းသုံး ဗလာစာအုပ်များ ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ရေနံ့သာ-ကျီးမီး ကျောက်ချော လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဒုတိယဝန်ကြီး၊ မကွေးတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။ အဆိုပါ ရေနံ့သာ-ကျီးမီးလမ်းကို နိုင်ငံတော် ထောက်ပံ့ငွေ ကျပ် (၃၃၈ ဒသမ ၃၃၄)သန်းဖြင့် ဆောင်ရွက်ပေး ခဲ့ခြင်း ဖြစ်ပြီး ဒေသခံကျေးရွာ (၁၆)ရွာမှ ပြည်သူလူထု (၁၀၀၀၀)ကျော်အနေဖြင့်မိမိတို့ဒေသမှ ကံမ၊ ပြည်၊ ရန်ကုန်မြို့ကြီး များသို့ နေ့/ည အချိန်မရွေး သွားလာနိုင်ကာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကိစ္စများအတွက် အကျိုးပြုသည့်အပြင် ဆက်စပ်မြို့နယ်များဖြစ်သည့် သရက်၊ မင်းတုန်း မြို့နယ် များမှလည်း ဆက်သွယ်သွားလာ နိုင်မည်ဖြစ်သည်။
ထိုမှတစ်ဆင့် ကျီးမီး-ကျောက်ပဒေါင်း-ကျိုက်ထီးရွက် ဘုရားမြေသားလမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် သည်။
၎င်းမြေသားလမ်းကို နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့ဝင် ဆရာတော်တိုင်း သံဃာ့ နာယက ဥက္ကဋ္ဌ ဆရာတော်များ အမှူးပြုသည့် ဆရာတော်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျိုက်ထီးရွက် ဘုရားသို့ တက်ရောက်ဖူးမြော်ကာ ဘုရားမုခ်ဦးအတွက် ဒုတိယဝန်ကြီးနှင့် အလှူရှင်များ စုပေါင်း၍ ငွေကျပ် (၂၁)သိန်း (၅)သောင်းကို ဂေါပကအဖွဲ့ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

No comments:

Post a Comment