Saturday, May 24, 2014

နယ်လှည့်နံရံကပ် စာပေရေချမ်းစင်များ တိုးချဲ့ဖွင့်လှစ်

တနင်္သာရီ မေ ၂၃ ရက်
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ခရီးသွားပြည်သူ အများခရီးသွားလာရင်း အချိန်ကို အကျိုးရှိစွာ စာဖတ်ခြင်းဖြင့် အသုံးချနိုင်ရန်နှင့် ဒေသခံ မိဘပြည်သူများ အနေဖြင့် ခရီးသွားလာရင်း စာပေ ဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရန်



ရည်ရွယ်လျက် နံရံကပ် စာပေရေချမ်းစင်များ တိုးချဲ့ဖွင့်လှစ်လျက်ရှိရာ မေလ(၂၂)ရက် နေ့ နံနက်(၁၀)နာရီက မြို့နယ်ပြန်/ဆက်ဦးမှူး ဒေါ်အေးတင်က အရှေ့မော်တုန်းကျေးရွာ အုပ်စု - အရှေ့မော်တုန်းရွာ အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ပြည်သူ့ဗဟိုပြုဝန်ဆောင်မှု လုပ်ငန်းအား ရှင်းလင်းဆွေးနွေးပြီး စာပေရေချမ်းစင်နှင့် စာအုပ်များအား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မိုး ထံသို့ လွှဲပြောင်းပေးအပ်၍ စာပေရေချမ်းစင် ဆိုင်းဘုတ်နှင့် ကဏ္ဍအလိုက် စာအုပ်များနှင့် မျိုးတူစု စာအုပ်များ ထည့်သွင်းပေးကြသည်။

အလားတူ ယနေ့မွန်းတည့်(၁၂)နာရီအချိန် မြိတ်-တနင်္သာရီ-ကော့သောင်းအပိုင်း-ဇ၀ဲကျေးရွာအုပ်စု ဇ၀ဲ+တကူ လမ်းဆုံ နေရာ ဇ၀ဲအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထူး နေအိမ်အရှေ့တွင် ပြည်သူအများ ထင်သာမြင်သာရှိပြီး လွတ်လပ်စွာဖတ်ရှု သုံးဆောင်နှိုင်စေရန်နှင့် လစဉ်စာအုပ် အသစ်/အဟောင်း လဲလှယ်ပေးမည် ဖြစ်ကြောင်း သိရှိရ သည်။

No comments:

Post a Comment