Tuesday, May 27, 2014

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲ သထုံတွင်ကျင်းပ



သထုံ    မေ    ၂၆
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၊ ပညာရေး အဖွဲ့ငယ်မှ စီစဉ် ကျင်းပသည့် ၃၁ ကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲကို မေလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့၊ နေ့စဉ်မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ သထုံမြို့၊ မြသပိတ် တောင်ခြေရှိ ပရိယတ္တိ သာသနာ့ဟိတ အသင်း စာဖြေဓမ္မာရုံတွင် ကျင်းပလျက် ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲတွင် သထုံမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အခြခံယဉ်ကျေးမှု သင်တန်းပေါင်း ၁၈ ဌာနတို့တွင် တက်ရောက် ခဲ့ကြသည့် အခြေခံပညာ မူလတန်းမှ ဘွဲ့ရပြီးသူအထိ သင်တန်းသား သင်တန်းသူပေါင်း ၅၁၉ ဦးတို့က ဗုဒ္ဓဘာသာ ယဉ်ကျေးမှု၊ ဗုဒ္ဓဘာသာ မြန်မာစာနှင့် အခြေခံအဘိဓမ္မာ ဘာသာရပ်တို့ကို ၀င်ရောက် ဖြေဆိုကြခြင်း ဖြစ်ကာ ယခု စာမေးပွဲကို နှစ်စဉ် ကျင်းပလျက် ရှိကြောင်း စာမေးပွဲ ကြီးကြပ်ရေး အဖွဲ့ထံက သိရသည်။

No comments:

Post a Comment