Saturday, May 24, 2014

မြို့နယ်အခြေပြု မူလတန်းဆရာ အတတ်ပညာ အထူးသင်တန်း ဆင်းပွဲ ပုလောမြို့တွင် ကျင်းပ

ပုလော မေ ၂၄ ရက်
၂၀၁၃ -၂၀၁၄ ပညာသင်နှစ် မြို့နယ်အခြေပြု ဆရာအတတ်ပညာ အထူးသင်တန်းဆင်းပွဲကို မေလ(၂၄)ရက် နံနက်(၉)နာရီက ပုလောမြို့ အခြေခံပညာအထက်တန်းကျောင်း န၀ရတ်ခန်းမတွင် ကျင်းပရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှစိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်းက ဆရာ/ဆရာမများအား တာဝန်ကျသော ဒေသတွင် မိမိရပ်ရွာသကဲ့သို့ မျိုးဆက်သစ်လူငယ်လေးများအား စေတနာထားသင်ကြားကြစေလိုကြောင်း၊ အခက်အခဲများရှိပါက တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။ ယင်းနောက် ဒုတိယမြို့နယ် ပညာရေးမှူး ဦးကြီးမြင့်မှ ပညာရေးဌာနလုပ်ငန်းများ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှစိုးက သင်တန်းသား/သူများအား သင်တန်းဆင် လက်မှတ်များ ပေးအပ်ခဲ့ပြီး အခမ်းအနားရုပ်သိမ်းခဲ့သည်။ အဆိုပါ သင်တန်းကို ဧပြီလ(၂၃) ရက်မှ မေလ(၂၃)ရက်နေ့ အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ (၁၈၁)ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment