Tuesday, May 27, 2014

ပျဉ်းမနားမြို့နယ် ရွာသစ်ကျေးရွာတွင် လောကချမ်းသာ ဆုတောင်းပြည့် စေတီတော်မြတ်ကြီး တည်ထား

ပျဉ်းမနား မေ ၂၆
နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ တောင်ဘက် ရွာသစ်ကျေးရွာ အုပ်စု ရွာသစ်ကျေးရွာရှိ  အောင်ဇေယျာရာမ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၌ လောကချမ်းသာ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးကို မေ ၃ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က စတင်၍ မြေပန္နက် အုတ်မြစ်ရိုက် တည်ထားလျက်ရှိရာ ကုသိုလ်ရှင်များ စုပေါင်းပါဝင်မှုဖြင့် ယခုအခါတွင် စေတီတော်အောက်ခြေ လေးဖက် Foundation ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။  


စေတီတော်မြတ် တည်ထားရာတွင် ရွာသစ်ကျေးရွာရှိ ကုသိုလ်ယူလိုသူ ဒေသခံများက ဝိုင်းဝန်း၍ ပန်းရံလုပ်အားဒါနပြု၍ တက်ညီလက်ညီ တည်ဆောက်လျက်ရှိရာ  ကျန်ရှိနေသည့် စေတီတော်လုံးပတ် ပြီးစီးရေးအတွက် အနယ်နယ်အရပ်ရပ်မှ ကုသိုလ်ရှင်များအနေနှင့် ပါဝင်လှူဒါန်းလိုပါက ဒက္ခိဏာရာမကျောင်း ဦးစီးနာယကဆရာတော် ဘဒ္ဒန္တ ဦးအာစာရ ဖုန်း- ၀၆၇-၂၁၉၁၉၊ အောင်ဇေယျာရာမ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကုသလ ဖုန်း -၀၉-၂၅၀၁၉၅၂၅၂ တို့ထံ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ဖြစ်မြောက်ရေး ကော်မတီဥက္ကဌ ဦးကိုဦးထံမှ သိရသည်။

No comments:

Post a Comment