Tuesday, May 27, 2014

မီးဘေးသင့် ပြည်သူများအား ကူညီရေး ဆောင်ရွက်

ကသာ  မေ - ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ နောင်ကန်အုပ်စု၊ နောင်ကွတ်ကျေးရွာ၊ ဒေါ်မယ်ညွှန့် အသက် (၈၃)နှစ်၊ နှင့် အသက် (၆)နှစ်အရွယ် မြေး မအိထွေးတို့ အိပ်ပျော်နေစဉ်
ယမန်နေ့ နံနက် (၃)နာရီက နေအိမ် မီးဖိုခန်းရှိ မီးကြွင်းမီးကျန်မှ မီးစတင်လောင်ခဲ့ရာ ကျေးရွာရှိအိမ်ခြေ (၄၃)အိမ် အနက် (၂၂)အိမ် မီးလောင်ကျွမ်းခဲ့သည်။
မီးဘေးသင့်ပြည်သူများ အဆင်ပြေစေရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ကြီးကြပ်၍ ထောက်ပံ့ ကူညီ စောင့်ရှောက်ရေးကော်မတီများ ဖွဲ့စည်းပြီး အလှူခံလျှက်ရှိရာ ယနေ့အထိ အလှူခံရငွေ ကျပ်(၂၅) သိန်းကျော်နှင့် ဆန်၊ဆီ၊ဆား၊ပန်းကန်၊ အ၀တ်အထည်၊ လူသုံးကုန်ပစ္စည်းမျိုးစုံ စုစုပေါင်းတန်ဘိုး ကျပ် (၁၅)သိန်းကျော်လက်ခံရရှိခဲ့သည်။

ရရှိပြီးငွေသားများနှင့် ပစ္စည်းများအား မီးဘေးသင့်ပြည်သူများကို အမြန်ဆုံးသွားရောက် ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment