Wednesday, May 28, 2014

မြိတ်မြို့နယ်တွင် ကျောင်းအပ်နှံရေးနှင့် ကျောင်းသုံးဗလာစာအုပ်နှင့် ကျောင်းဝတ်စုံ၊ စာရေးကိရိယာများ လှူဒါန်းပွဲ ကျင်းပ

မြိတ် မေ ၂၈ ရက်
နိုင်ငံတော်၏ အနာဂတ်လှပဖို့ ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းအပ်စို့ ဆိုသည့်အတိုင်း မြိတ်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေး ကျောင်းအပ်နှံရေးအတွက် ကျောင်းအပ်နှံရေးနှင့် ကျောင်းသုံး ဗလာစာအုပ်၊



စာရေး ကိရိယာနှင့် ကျောင်းဝတ်စုံများလှူဒါန်းပွဲကို ကလွင်ကျေးရွာ သံသရာအေး ဘုန်းတော် ကြီးသင်ပညာရေး ကျောင်းတွင် မေလ(၂၈)ရက် နံနက်(၉)နာရီက ကျင်းပခဲ့ရာ ရှေးဦးစွာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ ကျော်ဆန်းက ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။
ယင်းနောက် ကျောင်းသားကျောင်းသူများအတွက် ပညာရေးဌာနမှ သူငယ်တန်းမှ အဋ္ဌမတန်းအထိ ကျောင်းသား/သူ များအတွက် ကျောင်းသုံးပုံနှိပ်များနှင့် ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၅၁၀)၊ ခရိုင် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျပ်(၃၆၀၀၀၀)တန်ဖိုးရှိ ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၂၀၀)၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျပ်(၃၆၀၀၀၀)တန်ဖိုးရှိ ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၂၀၀)၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများမှ ကျပ်(၃၆၂၀၀၀) တန်ဖိုးရှိ စာရေးကိရိယာမျိုးစုံ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော်မတီမှ ကျပ်(၉၆၀၀၀၀)တန်ဖိုးရှိ ကျောင်းဝတ်စုံမျိုးစုံ၊ အလှူရှင်များက ကျောင်းဝတ်စုံများ၊ လွယ်အိတ်များ၊ ထီးများ လှူဒါန်းပေးအပ်ခဲ့ကြသည်။
ယင်းနောက် သံသရာအေး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းသားမိဘများမှ မိမိတို့၏ ရင်သွေးငယ် များအား ကျောင်းလာရောက်အပ်နှံနေမှုအား တိုင်းဒေသကြီးဝန်ကြီး နှင့် တက်ရောက် လာကြသူများက ကြည့်ရှု အားပေးခဲ့ကြပြီး ကျောင်းသား/သူများအား ကျောင်းသုံးပုံနှိပ်၊ ကျောင်းသုံးဗလာ စာအုပ်၊ စာရေးကိရိယာများ၊ လွယ်အိတ်နှင့် ထီးများအား ပေးအပ်ခဲ့ကြသည်။

သံသရာအေး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ယခင်နှစ်က ကျောင်းသား/သူ(၁၄၄၂)ဦး တက်ရောက်ပညာ သင်ကြားခဲ့ရှိရာ ကျောင်းအုပ်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုဇာတနှင့် ဆရာ/မ(၄၂)ဦးမှ ပညာသင်ကြားပေးခဲ့၍ ယခုနှစ်တွင် ကျောင်းသား/သူ(၁၅၅၀)ဦးခန့် တက်ရောက်မည်ဖြစ်ပြီး ကျောင်းအုပ် ဆရာတော်မှ အဆိုပါကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူများ ထဲမှ ကျောင်းသား/သူ (၃၀၀) ဦးအား ကျောင်းအိပ် ကျောင်းစားဖြင့် ပညာသင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment