Tuesday, May 27, 2014

ကနီ-ချောင်းမ ကားလမ်း အဆင့်မြှင့်တင် ဖောက်လုပ်ပေးမှုကြောင့် ဒေသကုန်စည် စီးဆင်းမှု မြန်ဆန်လာ

မုံရွာ မေ ၂၇
ကနီမြို့သည် ချင်းတွင်းမြစ်ကမ်းနံဘေးတွင် တည်ရှိပြီး မုံရွာမြို့သို့ ကုန်လမ်းမှ (၃၅)မိုင်ခန့်အကွာ တွင်လည်းကောင်း၊ ချင်းတွင်းရေးကြောင်းလမ်းမှသွားလျှင် ရေမိုင် (၃၆)မိုင်ခန့်အကွာတွင် တည်ရှိသော


မြို့ ဖြစ်သည် မြို့ပေါ်တွင် ကုန်ထုတ်လုပ်မှုနည်းပါသော်လည်း မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသနွားမွေး မြူရေးလုပ်ငန်းများ၊ ပဲမျိုးစုံ၊ ဆီးခြံလုပ်ငန်း၊ ပဲစဉ်းငုံ၊ မြေပဲ၊ ပြောင်း၊ ဂျုံနှင့်၊ စပါးများအပြင် ပန်းမျိုးစုံနှင့် ငှက်ပျောခြံလုပ်ငန်းများကို လုပ်ကိုင်ကြလျက်ရှိရာ ယခင်က ကုန်စည်စီးဆင်းမှုတွင် ကနီ-ချောင်းမလမ်း သည် ကျောက်ကြမ်းခင်းလမ်းမျှသာဖြစ်သဖြင့် နွေရာသီတွင် သွားလာရလွယ်ကူသော်လည်း၊ မိုးရာသီတွင် သဲချောင်းများ ပေါများခြင်း၊ ရွံ့စေးများကြောင့် သွားလာရ ခက်ခဲလျက်ရှိရာ ယခုနှစ်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ပြုပြင်ဆောင်ရွက်ခဲ့မှုကြောင့် ယခုအခါတွင် ကုန်စည်စီးဆင်း မှုမြန်ဆန်လာပြီ ဖြစ်ကြောင်း သိရသည်။

လမ်းပြုပြင်ခင်းကျင်းမှုနှင့်ပတ်သက်ပြီး “ဒီလမ်းက အရှည်(၁၃)မိုင်ရှိတယ်ဟိုတုံးက ပေ(၄၀)အကျယ် ကျောက်ကြမ်းလမ်းပါ၊ အသုံးပြုတဲ့နှစ်တွေကြာလာတာနဲ့အမျှ ရေတိုက်စားပြီး သဲဖုန်းတော့ လမ်းတွေ ပျက်လာတယ်၊ ဒါ့ကြောင့်ကျေးလက်နေပြည်သူတွေ ကုန်စည်စီးဆင်းမှုနှင့် သွားလာရေး အဆင်ပြေစေဘို့ အတွက် တိုင်းဒေသကြီးအစိုးအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့ လမ်းဘေးဝဲယာတစ်ဖက်ပေ (၃၀) စီထပ်မံချဲ့ထွင် သည့်အပြင် (၁၂)ပေအကျယ်ရှိ ကတ္တရာလမ်း အရှည် (၄)မိုင်ကို ငွေကျပ် (၃၂၇.၈)သန်း အကုန်အကျခံပြီး ခင်းပြီးသွားပါပြီ၊ ရှိပြီးသားကတ္တရာလမ်း(၁)မိုင်နဲ့ဆို (၅)မိုင်ရှိသွားပြီ ကျန်တဲ့ လမ်းကိုတော့ ကုမ္ပဏီနဲ့စာချုပ် ချုပ်ပြီးထပ်ခင်းသွားမှာပါ” ဟုမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

No comments:

Post a Comment