Tuesday, May 27, 2014

ရွှေတောင်မြို့နယ်တွင် လင်းရောင်ခြည်စာကြည့်တိုက်ဖွင့်လှစ်

ရွှေတောင် မေ ၂၇
စာပေဖတ်ရှုခြင်းဖြင့် ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ ရွှေတောင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်မြေနီဝ ကျေးရွာနေ ပြည်သူများ ပူးပေါင်းဆောင်ရွက်သည့်
မယားမာန်အုပ်စု၊ မြေနီဝကျေးရွာ၊ လင်းရောင်ခြည် စာကြည့်တိုက် အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို မေ ၂၅ ရက် နံနက် ၈ နာရီက အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရွှေတောင်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးဆင့်နှင့် အုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်မင်းတို့က စာကြည့်တိုက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးမှူးက စာကြည့်တိုက် ရေရှည်တည်တံ့ရေးနှင့် စာပေအကျိုးကျေးဇူး အကြောင်းကို ရှင်းလင်း ပြောကြားခဲ့ရာ အုပ်စုအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ စာကြည့်တိုက်သို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က မတည် ရန်ပုံငွေအဖြစ် ငွေကျပ် တစ်သောင်း ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်ပြန်/ဆက် ဦးစီးမှူး ဒေါ်အေးအေးဆင့်က စာအုပ်စာစောင် အုပ် (၁၀၀) နှင့် အုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်မင်းက ဂျာနယ်စာစောင် အုပ် (၅၀) ကိုလည်းကောင်း၊ ဒေါ်ကြည်ကြည်ဌေး မိသားစု (ကေ၀ိုင်းဆီစက်) မှ ငွေကျပ် ၈ သောင်းတန် ဘီရိုတစ်လုံး နှင့် ဦးချစ်စိန် မိသားစုက ငွေကျပ် ၄ သောင်းတန် စာအုပ်စင်တစ်ခု ပေးအပ်လှူဒါန်း ခဲ့ရာ စာကြည့်တိုက်ကော်မတီမှ တာဝန်ရှိသူက လက်ခံရယူသည်။

အဆိုပါ လင်းရောင်ခြည်စာကြည့်တိုက်ကို နိုင်ငံတော်မတည်ငွေကျပ် (၁၀) သိန်းနှင့် ကျေးရွာ ထည့်ဝင်ငွေ ကျပ်(၅၃၉၈၀၀ိ/-) စုစုပေါင်း ၁၅၃၉၈၀၀ိ/- ကျပ် အကုန်ကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦ အမျိုးအစားမှာ အလျား ၂၄ ပေ ၊ အနံ ၁၄ ပေ ၊ အမြင့် ၁၅ ပေ တစ်ထပ် သွပ်မိုး အုတ်ကာ ၊အုတ်ခင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment