Tuesday, May 27, 2014

ကျောင်းနေအရွယ် ကလေးများ ကျောင်းနေနိုင်ရေး ဂန့်ဂေါတွင် တာဝန်ပေးအပ်ပွဲ

ဂန့်ဂေါ မေ ၂၆
ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေး တာဝန်ပေးအပ်ပွဲကို မေ ၂၅ ရက်နံနက်က မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။



အဆိုပါ အခမ်းအနားတွင် ဂန့်ဂေါခရိုင် ပညာရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်က အမှာစကား ပြောကြားပြီး မူလတန်းနှင့် အလယ်တန်းကျောင်းသား၊ ကျောင်းသူများ အခမဲ့ ပညာသင်ကြား ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းကာ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ အား ကျောင်းနေအရွယ် ကလေး များ ကျောင်းနေနိုင်ရေး တာဝန်များပေးအပ်ကြောင်း သိရသည်။

No comments:

Post a Comment