Thursday, May 29, 2014

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ဂျပန်နိုင်ငံသံအမတ်ကြီး ခန့်အပ်လွှာပေးအပ်

နေပြည်တော်-မေ(၂၉)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘော တူညီပြီးဖြစ်သော သံအမတ်ကြီးမစ္စတာတာတီရှီ ဟိုင်ဂူချီသည် ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်သို့သွားရောက်၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်သည်။


အဆိုပါသံအမတ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်ဇင်တို့ တက်ရောက်ကြသည်။  

No comments:

Post a Comment