Wednesday, May 28, 2014

၂၀၁၄-၂၀၁၅ ပညာသင်နှစ် မုဒုံမြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ



မုဒုံ      မေ      ၂၆

အဆိုပါ အခမ်းအနားသို့ လက်ထောက်ပြည်နယ် ပညာရေးမှူး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ် ပညာရေးမှူးနှင့် လက်ထောက် ပညာရေးမှူး၊ ကျောင်းအုပ်ဆရာ/ဆရာမ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးဆောင်များ၊ ဆရာ/ဆရာမ များ ၊ NGO အဖွဲ့အစည်းများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပညာရေးမှူးက ကျောင်းအပ်နှံရေးနှင့် ပက်သက်သော လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်မှ ဖြန့်ဝေသောပုံနှိပ်နှင့် ဗလာစာအုပ်များကို မြို့နယ်ပညာရေးမှူးက ကျောင်းအုပ်များထံသို့ ပေးအပ် လှူဒါန်း သည်။ ထို့ပြင် ကျေးရွာအုပ်ချုပ်ရေးမှူးများက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment