Saturday, May 24, 2014

မြို့နှင့်အလှမ်းဝေး ကျေးရွာများသို့ အရောက် နံရံကပ်စာပေ ရေချမ်းစင်များ လိုက်လံတပ်ဆင်

သထုံ ၊ မေ ၊ ၂၂

သထုံမြို့နယ်အတွင်းရှိ မြို့နှင့်အလှမ်းဝေရာ ကျေးရွာများတွင် နံရံကပ်စာပေရေချမ်းစင် (Mini Book Corner) များကို သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လိုက်လံတပ်ဆင် ပေးလျက်ရှိကြောင်း သိရသည်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် မေလ ၂၁ ရက်နေ့က သထုံမြို့နယ်အတွင်းရှိ အောက်ကွင်းကျေးရွာများဖြစ်သည့် တောကြီးကျေးရွာနှင့် သောင်ကြီးကျေးရွာ များတွင် စာစဉ် ၁၃ မျိုးပါရှိသည့် Mini Book Corner များကို မြို့နယ်ဦးစီးမှူး ဒေါ်သူဇာအောင်နှင့် ဝန်ထမ်းများက လိုက်လံတပ်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး တောကြီးကျေးရွာနေ မခင်မြင့်က “ကျွန်မမြို့ပေါ် ရောက်တဲ့အချိန်က ဈေးမှာထားတာတွေ့လို့ အရမ်းစိတ်ဝင်စားတာနဲ့ ဝင်ဖတ်ပြီးပါပြီ။ ကျွန်မတို့ ကျေးရွာမှာ လာထားပေးလိမ့်မယ်လို့ ထင်မထားဘူး၊ အခုလိုကျေးရွာမှာ လစဉ်ဖတ်ရတော့မယ် ဆိုတာသိရတော့ ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ ရွာမှာစာဖတ်ချင်ပေမယ့် စာအုပ်ကရှားတယ်၊ လယ်ယာလုပ်ငန်းခွင်ကအပြန်မှာ စာဝင်ဖတ်နိုင်ပြီ၊ ရွာထဲသွားရင်းလာရင်းနဲ့လည်း လွတ်လွတ် လပ်လပ် စာအုပ်ဖတ်နိုင်ပြီ ဆိုတော့ အခုလိုစီစဉ်ပေးတာ ကျေးဇူးအရမ်းတင်ပါတယ် ဟု ပြောကြားသည်။

No comments:

Post a Comment