Wednesday, May 28, 2014

သာစည်မြို့နယ်အတွင်းရှိ တောင်သူများ မိုးလေဝသ သတင်းများနားထောင်၍ မိုးရွာမည့်ရက်ကို မျှော်နေကြရ

မိတ္ထီလာ မေ ၂၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း ဧပြီလနောက်ဆုံးပတ်က မိုးရွာသွန်းမှုများကြောင့် လယ်ယာ လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်၍ မိုးသီးနှံများ စိုက်ပျိုးရန်ထယ်ရေးပြင်ခြင်းများ ဆောင်ရွက်ခဲ့ သော်လည်း နောက်ပိုင်းမိုးဆက်လက်ရွာသွန်းခြင်းမရှိသဖြင့် မိုးဦးသီးနှံများစိုက်ပျိုးရန် တောင်သူများ မိုးလေဝသ သတင်းများကို နားထောင်၍ မိုးရွာမည့်ရက်ကို မျှော်နေကြရကြောင်း သိရသည်။

မိုးဦးနှမ်းသီးနှံကို စိုက်ပျိုးရာတွင် နယုန်လမပြည့်ခင်စိုက်ပျိုးနိုင်ပါမှ နှမ်းအထွက်နှုန်းကောင်းမွန်ပြီး နယုန်လပြည့်ကျော် သွားမှ နှမ်းစိုက်ပျိုးရပါက အထွက်နှုန်းမကောင်းပါဘူး။ မိုးက ဧပြီလကုန်ကရွာသွန်းပြီး နောက်ထပ်မိုး ဆက်လက် ရွာသွန်းခြင်းမရှိတော့ မိုးဦးသီးနှံများ စိုက်ပျိုးရန် တောင်သူများ ရေဒီယိုအစီအစဉ်မှ မိုးလေဝသ သတင်းများကို နားထောင်ပြီး မိုးရွာမည့်ရက်ကို မျှော်နေကြရပါတယ်။ထယ်ရေးပြင်ခြင်းကိုတော့ ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ မိုးရွာတာနဲ့ စိုက်ပျိုးရန်အသင့်အနေအထားမှာရှိပါတယ်။ စိုက်ပျိုးရန် မျိုးစေ့များကိုလည်း ဝယ်ယူစုဆောင်ထားပြီး ဖြစ်ပါတယ်။ မိုးဦးသီးနှံများစိုက်ပျိုးရန် ထယ်ရေးပြင်ရာတွင် ထွန်းတစ်ရှဉ်း တစ်မနက် ငွေ ၄၀၀၀ိ/-ပေး၍ငှားရမ်းရပြီး နှမ်းမျိုးတစ်ပြည် ၃၀၀၀ိ/-၊ ပြောင်းတစ်ပြည် ၅၀၀/-ပေးဝယ်ယူထားပါတယ်။

အခုလိုမိုးဦးကျဆိုရင် မျိုးစေ့ဈေးနှုန်းက နှစ်စဉ်ကြီးမြင့်တာဖြစ်ပါတယ်။ မိုးဦးကျသီးနှံများဖြစ်တဲ့ နှမ်း၊ ပဲတီစိမ်း၊ ပြောင်း၊ မြေပဲများစိုက်ပျိုးရန် အတွက် မိုးရွာမဲ့ရက်ကိုမိုးလေဝသ သတင်းများနားထောင်ပြီး မိုးရွာမည့်ရက်ကိုမျှော်နေကြရ ကြောင်း သာစည်မြို့နယ်ကျီတိုင်ကုန်းကျေးရွာ ဒေသခံတစ်ဦးမှ ပြောကြားပါသည်။

No comments:

Post a Comment