Monday, May 26, 2014

ဆေးဖက်ဝင် သံပုရာသီးများ မန္တလေးဈေးကွက်မှ ဝယ်လိုအားကောင်း

ရေတာရှည်၊ မေ ၂၆
ပူပြင်းလှသည့် ယခုအချိန်အခါတွင် သံပုရာသီးရှားပါးလျှက်ရှိပြီး ယခုရက်ပိုင်းတွင် ကရင်ပြည်နယ် လိပ်သိုလ်မြို့နယ်ခွဲမှ ထွက်ရှိသည့် ဆေးဖက်ဝင်သံပုရာသီးကို မန္တလေးမြို့သို့ တင်ပို့ပေးနေရကြောင်း သိရသည်။


"ကျွန်တော်တို့က လက်ပံဖြူကျေးရွာကနေတစ်ဆင့်ယူပြီး ပြန်ရောင်းတာ မနက်(၄)နာရီလောက် ကနေ ဆိုင်ကယ်နဲ့ထွက်လာရင် ဆွာမြို့ကို (၇)နာရီခွဲလောက် ရောက်တယ်" ဟု ဆိုင်ကယ်ဖြင့် သံပုရာသီး ဝယ်ရောင်းလုပ်သူ တစ်ဦးကပြောပြသည်။
တောင်ပေါ်ဒေသများတွင် ကွမ်းသီးခြံများအတွင်း သံပုရာပင်များကို ကြားညှပ်စိုက်ပျိုးကြခြင်းဖြစ်ကာ ဆိုင်ကယ်(၁)စီးလျှင် သံပုရာသီးအလုံးရေ နှစ်ထောင်မှ သုံးထောင်အထိ သယ်သူနိုင်ပြီး တစ်ရက်ကို အလုံးရေ တစ်သောင်းကျော်အထိ လာရောက်ရောင်းချသည်ဟု အဝယ်ဒိုင်ဖွင့်ကာဝယ်ယူနေသည့် အမျိုးသမီးတစ်ဦးကပြောသည်။ " ဒီမှာဝယ်တာကတော့ အလုံးတစ်ရာကို ၁၂၀၀ိ/-ကျပ် နဲ့ဝယ်ယူပါတယ်၊ အဓိကပို့တာ မန္တလေးကိုပို့တာ၊ ဘယ်လောက်လာလာပို့လို့ရတယ်"ဟု အဆိုပါအမျိုးသမီးကပင် ပြောပြသည်။

No comments:

Post a Comment