Tuesday, May 27, 2014

မုံရွာအဝေးပြေး မြို့ပတ်လမ်းဘေး အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်မည့်သတင်းကြောင့် အိမ်ခြံမြေ ဈေးကွက် မြင့်တက်

မုံရွာ မေ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သည် တိုင်းဒေသကြီးအတွင်း အချက်အချာကြသည့်မြို့ဖြစ်ရာ စီးပွားရေး ဖွံ့ဖြိုးတိုး တက်လာသည်နှင့်အညီ လူနေမှုအဆင့်အတန်းများလည်း မြင့်မားသည့်အတွက် မြို့ကွက်တိုး ချဲ့လာသည့်အပြင်
အဆင့်မြင့်တက္ကသိုလ်ကြီးများတည်ဆောက်လာခဲ့ရာ ယခုအခါတွင် မုံရွာမြို့ အဝေးပြေး မြို့ပတ် လမ်းမကြီးဘေးတွင် အားကစားနှင့်ကာယသိပ္ပံကျောင်း တည်ဆောက်မည့် သတင်းများ ထွက်ပေါ် လာခဲ့ရာ အဆိုပါလမ်းဘေးဝဲယာရ ခြံမြေများဝယ်ယူသူများပြားလာသဖြင့် ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း အိမ်ခြံမြေ ပွဲစားတစ်ဦး၏ ပြောပြချက် အရသိရသည်။
“မြို့ပတ်လမ်းဘေးမှာ အားကစားနှင့်ကာယသိပ္ပံ ကျောင်းတည်ဆောက်မယ်လို့ ကြားရပြီး လယ်ယာမြေ ဝယ်လိုအား မြင့်သွားတာတစ်ပတ်လောက်ရှိပြီ မြေဈေးလည်း အရင်ဈေးထက် ထက်ဝက်လောက် တက်သွားတယ်။” ဟု မုံရွာမြို့ မြေအရောင်း အဝယ်ပြု လုပ်သူ ဒေသခံတစ်ဦးကပြောသည်။
အဆိုပါစီမံကိန်းရှိမှု/မရှိမှုနှင့်ပတ်သက်ပြီး မြို့နယ်မှာ တာဝန်ရှိရုံးတစ်ရုံးသို့ ဆက်သွယ်မေးမြန်းရာ “မုံရွာမှာ အား/ကာ သိပ္ပံတည်ဆောက်မည်ဆိုတာတော့ ဟုတ်တယ်။ အခုထိ မြေနေရာ မသတ်မှတ်ရသေးဘူး။ အခု အဝေးပြေး မြို့ပတ်လမ်းမကြီး ဘေးတစ်လျောက်မှာ လယ်ယာမြေတွေ အရောင်းအဝယ် သွက်နေတယ် လို့တော့ ကြားတယ်၊ အဲဒါက မြေပွဲစားတွေနဲ့ မြေစုဆောင်းသူတွေကြောင့်ပါ မြေဈေးတွေတက်ကုန်တာ” ဟု အဆိုပါရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဝေးပြေးလမ်းမကြီး ဘေးဝဲ/ယာ မြေများသည် လယ်ယာမြေများဖြစ်ပြီး ယခင်ကမြေတစ်ဧကကို ငွေကျပ်သိန်း (၂၀၀)ခန့်သာ ရှိခဲ့သော်လည်း အဆိုပါအားကစားနှင့် ကာယပညာသိပ္ပံကျောင်း တည်ဆောက်မည် ဆိုသည့် သတင်းများနောက်ပိုင်းတွင် မြေတစ်ဧကငွေကျပ်သိန်း(၄၀၀)မှ သိန်း(၅၀၀)ကျပ်ဝန်းကျင်အထိ တက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment