Saturday, May 24, 2014

မြို့နယ်အခြေပြု မူလတန်းဆရာအတတ်ပညာ အထူးသင်တန်းဆင်းပွဲ တနင်္သာရီမြို့တွင် ကျင်းပ

တနင်္သာရီ မေ (၂၄) ရက်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်-တနင်္သာရီမြို့ အခြေခံပညာ အထက်တန်းကျောင်း စွယ်တော် ခန်းမဆောင်တွင် မူလတန်းဆရာအတတ်ပညာအပြည့်အ၀ရရှိစေရန် ရည်ရွယ်လျက်ဖွင့်လှစ်သင်ကြား လျက်ရှိသည့်
မြို့နယ်အခြေပြု မူလတန်းဆရာ အတတ်ပညာ အထူးသင်တန်း ဆင်းပွဲအခမ်းအနားကို မေလ(၂၃)ရက် နံနက်(၀၈း၁၅)နာရီက သင်တန်းသူ ဆရာ/ဆရာမများက တို့တာဝန် သီချင်းသံပြိုင် သီဆို လျက် အခမ်းအနားကို စတင်ဖွင့်လှစ်ကြသည်။
ယင်းနောက် မြိ့နယ်ပညာရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်မိုးမိုးအေးက ပညာရေးကဏ္ဍ လုပ်ငန်းများအားရှင်းလင်း တက်ပြပြီး ဆုရ သင်တန်းသူ/သား များအား ထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များကို ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးယုံဘီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်၊မြို့နယ် ပညာရေးမှူးတို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသား/သူများက မြန်မာပြည်သား သီချင်းကို သံပြိုင်သီဆို ရုပ်သိမ်းလိုက် သည်။

အဆိုပါ သင်တန်းကို သင်တန်းသူ/သားများ (၂၃၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဧပြီလ(၂၃)ရက်မှ မေလ(၂၃)ရက်အထိဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment