Thursday, May 29, 2014

ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးနေ့ကျင်းပ

  ချောင်းဦး   မေ   ၂၈ 
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ အထက်တန်းကျောင်း အနော်ရထာခန်းမ၌ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်ကို မေလ (၂၈) ရက်နေ့ နံနက် (၉) နာရီ အချိန်က ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးနေ့  အခမ်းအနားကျင်းပပြုလုပ်သည်။အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သတ္ထုတွင်းဝန်ကြီး ဦးသန်းထိုက်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးလှသိန်း၊ မြို့နယ်ပညာရေးမှူး ဦးစန်းဌေးမောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ (NGO)အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊
ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သတ္ထုတွင်းဝန်ကြီး ဦးသန်းထိုက်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးလှသိန်း တို့မှ အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးစန်းဌေးမောင်မှ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့် ပတ်သက်၍ အကျယ်တ၀င့် ရှင်းလင်းပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သတ္ထုတွင်းဝန်ကြီး ဦးသန်းထိုက်မှ ချောင်းဦးမြို့နယ် ဌာနဆိုင်များမှ လှူဒါန်းသော အလှူငွေ ကျပ်(၃)သိန်းနှင့် ချောင်းဦးမြို့ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖတို့မှ လှူဒါန်းသော ဗလာစာအုပ် ဒါဇင်(၁၀၀)နှင့် ကျောင်းဝတ်စုံ (၄၀)တို့ကို မြို့နယ်ပညာရေးမှူး ဦးစန်းဌေးမောင် အား ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment