Friday, May 30, 2014

ကျောင်းပြင်ပ မူလတန်းပညာသင်တန်း တက်ရောက်မည့်သူများအား တွေ့ဆုံအားပေး

ကျောင်းနေအရွယ် ကလေးတိုင်း စာသင်ကြားနိုင်ရေး အတွက် ရန်ကုန်မြို့နှင့် မော်လမြိုင်မြို့တို့တွင် ဖွင့်လှစ်မည့် ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) ဆရာဖြစ် သင်တန်းသို့ တက်ရောက် ကြမည့် သထုံမြို့ နယ်အတွင်းမှ သင်တန်းသား သင်တန်းသူများအား
မေလ ၂၉ ရက်နေ့က မြို့နယ်ပညာရေးမှူးရုံးတွင် လက်ထောက် ပညာရေးမှူး ဦးလှဝင်းနှင့် တာဝန်ရှိသူများက တွေ့ဆုံ အားပေးစကား ပြောကြားကာ သင်တန်း အတွက် လိုအပ်သည်များကို ပြင်ဆင် သွားနိုင်ရေး ညှိနှိုင်း ဆွေးနွေးခဲ့သည်။ အဆိုပါ သင်တန်းများသို့ သထုံမြို့နယ် အတွင်းရှိ တက္ကသိုလ်ဝင်တန်းအောင် အဆင့်မှ ဘွဲ့ရပြီးသူများ အထိ သင်တန်းသားသင်တန်းသူ ၁၃ ဦးတို့ တက်ရောက်သင်ကြားကာ သင်တန်းပြီးဆုံးပါက သထုံမြို့နယ်အတွင်း စာမတတ်သူ လျော့နည်း ပပျောက်စေရေး အတွက် ကျောင်းပြင်ပ မူလတန်း ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment