Tuesday, May 27, 2014

မင်္ဂလာဒုံ အ.ထ.က (၁)၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးကျင်းပ

ရန်ကုန် မေ ၂၇

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၀၉:၀၀) နာရီတွင် ကျင်းပရာေ



ကျာင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေး ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးဦးစိုးမင်း၊ အမှတ်(၃)အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးညွှန့်ဟန်၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာများ၊ မြို့နယ်ထောက်အကူပြု ကော်မတီဝင် များ၊ NG0 အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ အုပ်ထိန်းသူမိဘများနှင့် အလှူရှင်များ တက်ရောက် ကြပြီး အလှူရှင်များက ဗလာစာအုပ်၊ လက်ရေးလှစာအုပ်၊ ထီး၊ ကျောပိုးအိတ်စသော ကျောင်းအသုံးအဆောင် ပစ္စည်း သိန်း(၂၀၀) ခန့် လှူဒါန်း ရရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment