Saturday, May 31, 2014

အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  မေ   ၃၁

အများပြည်သူဝန်ဆောင်မှု မီဒီယာဥပေဒကြမ်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ ပြည်သူ့လွှတ်တော် အဆောက်အအုံ ပူးပေါင်းကော်မတီ အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အများပြည်သူဝန်ဆောင်မှု မီဒီယာဥပေဒကြမ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဒုတိယ ဝန်ကြီး ဦးပိုက်ထွေး သရက် မြို့နယ်နှင့် ကံမမြို့နယ် အတွင်း ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှု စစ်ဆေး

နေပြည်တော်-မေ-၃၀
ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက် ထွေးသည် ယနေ့ နံနက်(၁၀)နာရီတွင် သရက်မြို့ နယ်ခန်းမ၌ မြို့မိမြို့ဖများ၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်မှု အထောက် အကူပြု ကော်မတီ ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာ များနှင့် တွေ့ဆုံပွဲ အခမ်း အနားတွင် အမှာစကား ပြောကြား၍ သရက်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအပေါ် မေးမြန်း ဆွေးနွေးခဲ့ပြီး ကျေးရွာ စာကြည့် တိုက်များ အတွက် စာအုပ် စာစောင်များ၊ အားကစား ပစ္စည်းများ ပေးအပ်လှူဒါန်းရာ သဟာ ယစာဖတ် အသင်း ဥက္ကဋ္ဌ ဦးမြင့်ဖေက လှူဒါန်းမှု အပေါ် ကျေးဇူး တင်ရှိကြောင်း ပြောကြားပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် စကားပြန်လည်ပြောကြားသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဖြူးမြို့နယ်နှင့် ပဲခူး မြို့နယ်တို့၌ ကျောင်းအပ်နှံမှုများ ကြည့်ရှု အားပေး

နေပြည်တော်-မေ-၃၀
ပဲခူးတိုင်း ဒေသကြီး အတွင်း ကျောင်းအပ်နှံရေး လုပ်ငန်း ဆောင်ရွက် နေမှုများကို ကြည့်ရှု အားပေး ရန် တောင်ငူ မြို့၌ ရောက်ရှိနေသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ  ဒေါက်တာ စိုင်းမောက်ခမ်း သည် ပြည်ထောင်စု ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးများနှင့် အတူ ယနေ့တွင် ဖြူးမြို့နယ်နှင့် ပဲခူးမြို့နယ် တို့၌ ကျောင်း အပ်နှံရေး ဆောင်ရွက်နေမှု များကို ဆက်လက် ကြည့်ရှု အားပေး သည်။

Friday, May 30, 2014

ကျောင်းပြင်ပ မူလတန်းပညာသင်တန်း တက်ရောက်မည့်သူများအား တွေ့ဆုံအားပေး

ကျောင်းနေအရွယ် ကလေးတိုင်း စာသင်ကြားနိုင်ရေး အတွက် ရန်ကုန်မြို့နှင့် မော်လမြိုင်မြို့တို့တွင် ဖွင့်လှစ်မည့် ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) ဆရာဖြစ် သင်တန်းသို့ တက်ရောက် ကြမည့် သထုံမြို့ နယ်အတွင်းမှ သင်တန်းသား သင်တန်းသူများအား

လူမှုဖူလုံရေး နာရေးထောက်ပံ့ငွေ ပေးအပ်



သထုံမြို့နယ် လူမှုဖူလုံရေး အဖွဲ့ရုံးတွင် မှတ်ပုံတင် ထားရှိပြီးသော အာမခံအလုပ်သမား ၂ ဦး တို့အတွက် နာရေး ထောက်ပံ့ငွေများကို မေလ ၂၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီက အဆိုပါ ရုံးတွင်ပေးအပ်ခဲ့သည်။ 

သထုံမြို့နယ် ၌ ကျောင်းဆောင်သစ်များ လွှဲပြောင်းပေးအပ်



၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကျောင်းသူကျောင်းသားများ ကျောင်းဖွင့်ချိန်အမှီ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေး အတွက် ဆောက်လုပ်ပြီးစီးပြီ ဖြစ်သော သထုံမြို့နယ် အတွင်းရှိ သုဓမ္မ၀တီမြို့သစ် မူလတန်း ကျောင်းဆောင်သစ်၊

သထုံမြို့နယ် အတွင်းရှိ Mini Book Corner များသို့ လစဉ် စာအုပ်အသစ်များ ဖြည့်ပေး



သထုံမြို့နယ် အတွင်းရှိ နံရံကပ်စာပေရေချမ်းစင် Mini Book Corner များတွင် လစဉ် စာအုပ်စာစောင် အသစ်များကို မတ်လ ၂၈ ရက်နေ့က သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လိုက်လံ ဖြည့်တင်း ပေးခဲ့ကြောင်း သိရသည်။ 

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ သတင်းကြေညာချက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
သတင်းကြေညာချက်
၁၃၇၆ခုနှစ်၊ နယုန်လဆန်း ၂ရက်
၂၀၁၄ ခုနှစ်၊ မေ ၃၀ရက်
၁။ သတ္တုတွင်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟို ကော်မတီ သည် ၂၀၁၄ခုနှစ်၊ (၅၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမနှင့် မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်တို့တွင် ၂၀၁၄ခုနှစ်၊ ဇွန် ၂၄ ရက်မှ ဇူလိုင် ၆ ရက်အထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။

Thursday, May 29, 2014

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာတွင် သဘာဝမြေဩဇာ/မြေဆီလွှာအကြောင်း အသိပညာပေးစကားဝိုင်း ဆွေးနွေးပွဲကျင်းပ

နေပြည်တော် -မေ(၂၉)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် အမျိုးသမီး ရေးရာအဖွဲ့ချုပ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း အဖွဲ့တို့ ပူးပေါင်း၍ ကျေးလက်နေ ပြည်သူများအကြား မြေဆီလွှာ/သဘာဝ မြေဩဇာနှင့်ပတ်သက်၍ အသိပညာများ ပွားများလာစေရန် ဆောင်ရွက်လျက်ရှိရာ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မရှင်အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် -မေ(၂၉)
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မရှင်အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ အိုမန်နိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်

နေပြည်တော်-မေ(၂၉)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိုမန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး ရှိတ် ဆူတန် ဘင် ဆာဖ် ဘင် ဟေလာ အယ်လ် မာရူကီသည် ယနေ့ နံနက်(၁၁) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်သို့သွားရောက်၍ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ဂျပန်နိုင်ငံသံအမတ်ကြီး ခန့်အပ်လွှာပေးအပ်

နေပြည်တော်-မေ(၂၉)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘော တူညီပြီးဖြစ်သော သံအမတ်ကြီးမစ္စတာတာတီရှီ ဟိုင်ဂူချီသည် ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်သို့သွားရောက်၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်သည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရေတာရှည်မြို့နယ်နှင့် တောင်ငူမြို့နယ်အတွင်း ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးဆောင်ရွက်မှုများ ကြည့်ရှုအားပေး

တောင်ငူ-မေ(၂၉) 
၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးအတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မတ်(၂၅)ရက်မှ (၃၁)ရက်အထိ နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိသည်။

ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးနေ့ကျင်းပ

  ချောင်းဦး   မေ   ၂၈ 
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ အထက်တန်းကျောင်း အနော်ရထာခန်းမ၌ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်ကို မေလ (၂၈) ရက်နေ့ နံနက် (၉) နာရီ အချိန်က ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးနေ့  အခမ်းအနားကျင်းပပြုလုပ်သည်။အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သတ္ထုတွင်းဝန်ကြီး ဦးသန်းထိုက်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးလှသိန်း၊ မြို့နယ်ပညာရေးမှူး ဦးစန်းဌေးမောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ (NGO)အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊

အရန်သားဖွား သင်တန်းသူများအား ထောက်ပံ့ကြေးပေးအပ်



သထုံမြို့နယ် အတွင်းရှိ ကျေးလက်ဒေသများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မိခင်နှင့်ကလေး သေဆုံးမှု လျော့နည်းရေး တို့အတွက် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းနှင့် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်လျက် ရှိသည့်

ဝန်ထမ်းနှင့် ၀န်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်



သထုံ      မေ     ၂၇
သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ပညာသင်ဝန်ထမ်းနှင့် ၀န်ထမ်း သားသမီးများအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ကော့သောင်း ၊ မေ ၂၈ ရက်
၂၀၁၄-၂၀၁၅ ပညာသင်နှစ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာ၊ရ န်ကြီးအောင်းကျောင်းတိုက်၊ အမှတ်(၁) ဘုန်းတော်ကြီး သင်ပညာရေး မူလွန်ကျောင်း တွင်မေလ ၂၈ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ်ကျင်းပသည်။

ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းများဆောင်ရွက်

သထုံ    မေ    ၂၇
သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများသည် မေလ ၂၇ ရက် နေ့က သထုံမြို့ နယ်၊ ထောင်မှူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးလက်ပြည်သူများ အသိပညာ ဗဟုသုတ ပိုမိုမြင့်မားပြီး ကျေးရွာ ဖွံ့ဖြိုးတိုးတက်နိုင်စေရန် အတွက် နယ်လှည့်စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်း၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံများ ခင်းကျင်းပြသ ပေးခြင်းနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအကြောင်း သိကောင်းစရာများတို့ ဟောပြောခြင်း စသည့်ပြည်သူ့ဝန်ဆောင်မှု အသိပညာပေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နှစ်နိုင်ငံ အစိုးရချင်း သာမက တပ်မတော် နှစ်ရပ် အကြား ပိုမို ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး



နေပြည်တော် မေ ၂၈
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့၏ စစ်ဦးစီးချုပ် General Shigeru IWASAKI ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Wednesday, May 28, 2014

ကန်စွန်းရွက်အကြောင်းတစေ့တစောင်း

အဖိုးနည်းသော်လည်း အာဟာရတန်ဖိုးတွင် များပြားလှသည့် ရွှေထုတ်သည့်မြပ၀ါပမာ ဟင်းရွက်ကိုပြပါ ဟုဆိုပါလျှင် ကန်စွန်းရွက်ကို ပြရပါလိမ့်မည်။

စာသင်ကျောင်းတွင် ကျောင်းဖွင့်ချိန်အမီ ပရိဘောဂမျာဆောင်ရွက်ထား

ဂန့်ဂေါ မေ ၂၈

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ မင်းကြည့်ကျေးရွာအမကတွင် ပရိဘောဂများ ဆောင်ရွက်နိုင်ရန်

အထူးကုဆရာဝန်များ ကွင်းဆင်းကုသ

ဂန့်ဂေါ မေ ၂၈

ဂန့်ဂေါခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦး၊ အရိုး၊အကြောအထူးကု ဒေါက်တာ နေထွန်းအောင်၊ ခွဲစိတ်အထူးကု ဒေါက်တာ စောစိုင်းအောင်၊

ဒေါင်းဥကျေးရွာအုပ်စု ဖွင့်ပွဲအခမ်းအနား



ချောင်းဆုံ        မေ      ၂၆
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဒေါင်းဥကျေးရွာအုပ်စု ဖွင့်ပွဲအခမ်းအနားကို မေလ(၂၆) ရက်နေ၊ နံနက် (၀၈း၀၀) နာရီ အချိန်က ဒေါင်းဥကျေးရွာ၊ ရွာလယ်မူလတန်းကျောင်းတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ် ဥပဒေချုပ် နယ်မြေတာဝန်ခံ ဦးဝင်းကြည်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၊

ရေဖြူရွာတွင် ပုလဲသွယ်မျိုးစပါး စံကွက်ရိတ်သိမ်း

တနင်္သာရီ မေ(၂၇) ရက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကူညီပံပိုးမှုဖြင့် တနင်္သာရီမြို့နယ်၊ ရေဖြူရွာ အကျဉ်းဦးစီးဌာန အမှတ်(၅)ဆင်ဖြူရှင်စခန်းမှ ထောင်မှူးကြီး ဦးသိန်းဇော်နှင့်ဝန်ထမ်းများက ကွင်းအမှတ်(၅၁၉)တွင်

မြိတ်မြို့နယ်တွင် ကျောင်းအပ်နှံရေးနှင့် ကျောင်းသုံးဗလာစာအုပ်နှင့် ကျောင်းဝတ်စုံ၊ စာရေးကိရိယာများ လှူဒါန်းပွဲ ကျင်းပ

မြိတ် မေ ၂၈ ရက်
နိုင်ငံတော်၏ အနာဂတ်လှပဖို့ ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းအပ်စို့ ဆိုသည့်အတိုင်း မြိတ်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေး ကျောင်းအပ်နှံရေးအတွက် ကျောင်းအပ်နှံရေးနှင့် ကျောင်းသုံး ဗလာစာအုပ်၊

သာစည်မြို့နယ်အတွင်းရှိ တောင်သူများ မိုးလေဝသ သတင်းများနားထောင်၍ မိုးရွာမည့်ရက်ကို မျှော်နေကြရ

မိတ္ထီလာ မေ ၂၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း ဧပြီလနောက်ဆုံးပတ်က မိုးရွာသွန်းမှုများကြောင့် လယ်ယာ လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်၍ မိုးသီးနှံများ စိုက်ပျိုးရန်ထယ်ရေးပြင်ခြင်းများ ဆောင်ရွက်ခဲ့ သော်လည်း နောက်ပိုင်းမိုးဆက်လက်ရွာသွန်းခြင်းမရှိသဖြင့် မိုးဦးသီးနှံများစိုက်ပျိုးရန် တောင်သူများ မိုးလေဝသ သတင်းများကို နားထောင်၍ မိုးရွာမည့်ရက်ကို မျှော်နေကြရကြောင်း သိရသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ် မုဒုံမြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ



မုဒုံ      မေ      ၂၆

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် အသုံးပြုရန် 50 KW SW Transmitter and DVB-T2 Set-top Box များ ဝယ်ယူရေးအတွက် (၂၇-၅-၂၀၁၄) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပ ပစ္စည်းများ  ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါ ကုမ္ပဏီများမှ စက်ပစ္စည်းများကို ယှဉ်တွဲပါ ဈေးနှုန်းများဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည်-

1. 50 KW SW Transmitter  1st               Broadcast Technology Ltd        USD 1,280,000
2. DVB-T2 Set-top Box     106,000 Nos  China Comm Services              USD 1,500,000


Tuesday, May 27, 2014

ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး စည်းရုံးလှုပ်ရှားမှု လုပ်ငန်းတာဝန်ပေးအပ်ပွဲ အခမ်းအနား







မော်လမြိုင်      မေ      ၂၅
မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်သည် ယနေ့နံနက် (၉)နာရီခွဲ ချိန်တွင် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်း ယင်းမာခန်းတွင် ကျင်းပသည့် ၂၀၁၄-၂၀၁၅ ပညာနှစ် ကျောင်းနေ အရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး စည်းရုံးလှုပ်ရှားမှု လုပ်ငန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

၂၀၁၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲ အခမ်းနား ကျင်းပ


မော်လမြိုင်      မေ      ၂၄
မွန်ပြည်နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၁၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲ အခမ်းအနားကို မေလ (၂၄)ရက်၊ နံနက်(၇)နာရီခွဲ အချိန်တွင် မော်လမြိုင်မြို့ အာကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) ကျောင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးကျင်ဖေ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ၀န်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

မင်္ဂလာဒုံ အ.ထ.က (၁)၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးကျင်းပ

ရန်ကုန် မေ ၂၇

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၀၉:၀၀) နာရီတွင် ကျင်းပရာေ

သထုံမြို့နယ် အတွင်းရှိ အခြေခံပညာသင် ကျောင်းများ၌ ကျောင်းစတင် အပ်နှံ



သထုံ    မေ    ၂၆
ဇွန်လ ပထမပတ် အတွင်း အခြေခံပညာသင်ကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်ရာ မွန်ပြည်နယ်၊ သထုံမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် မေလ ၂၅ ရက်နေ့မှ စတင်ကာ မိဘအုပ်ထိန်းသူများက ကျောင်းသားကျောင်းသူများအား ကျောင်းလာရောက်အပ်နှံ နေကြပြီ ဖြစ်သည်။

မြန်မာဘာသာစကား ကြွယ်ဝဖွံ့ဖြိုးရေး သင်တန်းဆင်း

ပညာရေး ၀န်ကြီးဌာနနှင့် UNICEF တို့ ပူးပေါင်း ဖွင့်လှစ်သည့် မြန်မာဘာသာ စကားကို အစီအစဉ် သစ်ဖြင့် မူလတန်း အထက်ဆင့်တွင် သင်ကြား အကောင်အထည်ဖော်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ ၂၆ ရက်၊ မွန်းလွဲ ၁ နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ လှမဉ္ဇူခန်းမတွင် ကျင်းပသည်။

စာဖတ်ရှိန် စဉ်ဆက်မပျက် မြှင့်တင်ရေး Mobile Library ကွင်းဆင်းဆောင်ရွက်

စဥ့်ကိုင်၊ မေ - ၂၇
မြို့နယ်အတွင်း ဖွင့်လှစ်ထားသော ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန် စဉ်ဆက်မပျက် မြှင့်တင်ရေးအတွင် စဥ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့်

ကျောက်ဆည်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့နှစ်ပတ်လည် အစည်းအဝေးနှင့် ထောက်ပံ့ငွေများပေးအပ်

ကျောက်ဆည်၊ မေ- ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို မေလ(၂၆)ရက် နံနက် (၁၀)နာရီက အဆိုပါရုံးအစည်းအဝေး ခန်းမဆောင်တွင် ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်တွင် လင်းရောင်ခြည်စာကြည့်တိုက်ဖွင့်လှစ်

ရွှေတောင် မေ ၂၇
စာပေဖတ်ရှုခြင်းဖြင့် ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ ရွှေတောင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်မြေနီဝ ကျေးရွာနေ ပြည်သူများ ပူးပေါင်းဆောင်ရွက်သည့်

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲ သထုံတွင်ကျင်းပ



သထုံ    မေ    ၂၆
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၊ ပညာရေး အဖွဲ့ငယ်မှ စီစဉ် ကျင်းပသည့် ၃၁ ကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲကို မေလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့၊ နေ့စဉ်မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ သထုံမြို့၊ မြသပိတ် တောင်ခြေရှိ ပရိယတ္တိ သာသနာ့ဟိတ အသင်း စာဖြေဓမ္မာရုံတွင် ကျင်းပလျက် ရှိကြောင်း သိရသည်။

ပြန်လည်အပ်နှံသည့် တပ်ပြင်ပ စိုက်ပျိုးမြေများအား တောင်သူများသို့ ယာယီလုပ်ပိုင်ခွင့်လက်မှတ် ပေးအပ်ပွဲ ကျင်းပ




သထုံ  မေ  ၂၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တပ်ရင်းတပ်ဖွဲ့များမှ ပြန်လည် အပ်နှံသည့် တပ်ပြင်ပ စိုက်ပျိုးမြေများအား တောင်သူများသို့ ယာယီ လုပ်ပိုင်ခွင့် လက်မှတ် ပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၅ ရက်နေ့၊ နံနက် ၁၁ နာရီက သုဝဏ္ဏ ခန်းမတွင် ကျင်းပသည်။

ကျောင်းနေအရွယ် ကလေးများ ကျောင်းနေနိုင်ရေး ဂန့်ဂေါတွင် တာဝန်ပေးအပ်ပွဲ

ဂန့်ဂေါ မေ ၂၆
ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေး တာဝန်ပေးအပ်ပွဲကို မေ ၂၅ ရက်နံနက်က မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရာသီဥတုပူပြင်းသောကြောင့် ကြက်မီးကိုင်လုပ်ငန်းများ မီးအသုံးပြုရန် မလိုတော့သည်အဖြစ် ကြုံတွေ့လာ

မုံရွာ မေ ၂၇
ယခုအချိန်တွင် ရာသီဥတုများ ပူပြင်းလျက်ရှိရာ ကြက်မွေးမြူရေးလုပ်ငန်းများတွင် ကြက်သားပေါက် မီးကိုင်ရာတွင် လျှပ်စစ်မီး၊ ထင်းမီးသွေးတို့ဖြင့် မီးကိုင်ရန်မလိုဘဲ သဘာဝအပူချိန်ဖြင့်သာ မီးကိုင်လျက်ရှိ သော်လည်း အကောင်ဖြစ်နှုန်းမလှမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။

မီးကြွင်းမီးကျန်မှ အိမ် (၂၂)လုံး မီးလောင်ကျွမ်း

ကသာ  မေ - ၂၅
ပူပြင်းခြောက်သွေ့သော ရာသီတွင် မီးမလောင်ရေးအတွက် မီးဘေးလုံခြုံရေး စောင့်ရှောက်ရေးအဖွဲ့မှ နေ့စဉ် ဆောင်ရွက်နေစဉ် မေ (၂၅) ရက် နံနက် (၂)နာရီ အချိန် လုံခြုံရေးအဖွဲ့များ

မီးဘေးသင့် ပြည်သူများအား ကူညီရေး ဆောင်ရွက်

ကသာ  မေ - ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ နောင်ကန်အုပ်စု၊ နောင်ကွတ်ကျေးရွာ၊ ဒေါ်မယ်ညွှန့် အသက် (၈၃)နှစ်၊ နှင့် အသက် (၆)နှစ်အရွယ် မြေး မအိထွေးတို့ အိပ်ပျော်နေစဉ်

ကနီ-ချောင်းမ ကားလမ်း အဆင့်မြှင့်တင် ဖောက်လုပ်ပေးမှုကြောင့် ဒေသကုန်စည် စီးဆင်းမှု မြန်ဆန်လာ

မုံရွာ မေ ၂၇
ကနီမြို့သည် ချင်းတွင်းမြစ်ကမ်းနံဘေးတွင် တည်ရှိပြီး မုံရွာမြို့သို့ ကုန်လမ်းမှ (၃၅)မိုင်ခန့်အကွာ တွင်လည်းကောင်း၊ ချင်းတွင်းရေးကြောင်းလမ်းမှသွားလျှင် ရေမိုင် (၃၆)မိုင်ခန့်အကွာတွင် တည်ရှိသော

မုံရွာအဝေးပြေး မြို့ပတ်လမ်းဘေး အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်မည့်သတင်းကြောင့် အိမ်ခြံမြေ ဈေးကွက် မြင့်တက်

မုံရွာ မေ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သည် တိုင်းဒေသကြီးအတွင်း အချက်အချာကြသည့်မြို့ဖြစ်ရာ စီးပွားရေး ဖွံ့ဖြိုးတိုး တက်လာသည်နှင့်အညီ လူနေမှုအဆင့်အတန်းများလည်း မြင့်မားသည့်အတွက် မြို့ကွက်တိုး ချဲ့လာသည့်အပြင်

ပျဉ်းမနားမြို့နယ် ရွာသစ်ကျေးရွာတွင် လောကချမ်းသာ ဆုတောင်းပြည့် စေတီတော်မြတ်ကြီး တည်ထား

ပျဉ်းမနား မေ ၂၆
နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ တောင်ဘက် ရွာသစ်ကျေးရွာ အုပ်စု ရွာသစ်ကျေးရွာရှိ  အောင်ဇေယျာရာမ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၌ လောကချမ်းသာ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးကို မေ ၃ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က စတင်၍ မြေပန္နက် အုတ်မြစ်ရိုက် တည်ထားလျက်ရှိရာ ကုသိုလ်ရှင်များ စုပေါင်းပါဝင်မှုဖြင့် ယခုအခါတွင် စေတီတော်အောက်ခြေ လေးဖက် Foundation ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။  

ထိုင်းစစ်တပ်ခေါင်းဆောင်အဖြစ် ဘုရင်မှ အတည်ပြု ခန့်အပ်တော့မည်

Monday, May 26, 2014

ပြန်ကြားရေးဝန်ကြီးဌာန Video-conferencing စက်ပစ္စည်းများ ဝယ်ယူခြင်းနှင့် တပ်ဆင်ခြင်း လုပ်ငန်း အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

နေပြည်တော် မေ ၂၆
၁။ ပြန်ကြားရေးဝန်ကြီးဌာနနှင့် လက်အောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများတွင် video conferencing စက်ပစ္စည်းများ ဝယ်ယူခြင်းနှင့် တပ်ဆင်ခြင်း လုပ်ငန်းများကို (Turn Key) စနစ် ဖြင့် ဆောင်ရွက်လိုပါသည်။

နေ့စားလပေးအောင်စာရင်း သွားကြည့်သည့် မိန်းကလေး ကားကြိတ်ခံရ၍ သေဆုံး

ရေတာရှည်၊ မေ ၂၆
မေလ(၂၅)ရက်နေ့၊ နံနက်(၇း၄၅)နာရီအချိန်က ရေတာရှည်မြို့ မြောက်ဘက်၊ မယ်ဒက်ကယ် ဘုရားလမ်းနှင့် ရန်ကုန် မန္တလေး ကားလမ်းဆုံသည့် နေရာတွင် အမျိုးသမီးနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်က ကားလမ်းအတိုင်း မောင်းနှင်နေသော (၁၀)ဘီး ကုန်တင်ယာဉ်ကို ဝင်တိုက်ရာမှ ဆိုင်ကယ်အနောက်တွင် စီးနင်းလိုက်ပါလာသူ ကားကြိတ်ခံရ၍ သေဆုံးကြောင်း သိရသည်။

နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ဝိုင်းပြုလုပ်

သာယာဝတီ၊ မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူဗဟိုပြု ပြည့်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ

မိတ္ထီလာမြို့နယ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး တက်ရောက်အားပေး

မိတ္ထီလာ မေ ၂၆
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်ကျောင်းအပ်နှံရေး အခမ်းအနားကို မေ ၂၅ နံနက် ၉ နာရီက ရေဝေ ကျေးရွာ အထက (ရေဝေ) တွင်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလူမှုရေးဝန်ကြီးဒေါက်တာဝင်းလှိုင် တက်ရောက်အားပေးခဲ့သည်။

တွံတေးမြို့နယ် အနှေးယာဉ်ငယ်အသင်း ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကျင်းပ

တွံတေး မေ ၂၅
ရန်ုကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ကက အမြန်ယာဉ်ငယ်အသင်းမှ ၂၅-၅-၂၀၁၄ ရက်နေ့တွင် ၂၀၁၄ -၂၀၁၅ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို

နံရံကပ်စာပေ ရေချမ်းစင် ပြည်သူ့သဘောထား ကွင်းဆင်းဆောင်ရွက်

ကျောက်ကြီး၊ မေ(၂၃)

တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ထားရှိသည့် နံရံကပ်စာပေရေချမ်းစင်နှင့် ပတ်သတ်၍ (၂၂-၅-၂၀၁၄) ရက်နေ့၊ နံနက်(၉း၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး နော်လော်မူနှင့်ဝန်ထမ်းများသည်

မြိတ်မြို့၊ ဆိပ်ငယ်ဈေးကြီးအနီး၌ ရေစီးရေလာကောင်းမွန်ရေး အတွက် ရေမြောင်းအသစ်ချဲ့ထွင် ဖောက်လုပ်

မြိတ် မေ ၂၆
မိုးရာသီအတွင်း ရေမြောင်းများပိတ်ဆို့မှုကြောင့် လမ်းပေါ်ရေလျှံခြင်း၊ လူနေအိမ်များအတွင်း ရေ၀င်မှုများ ဖြစ်ပေါ်တတ်ခြင်း၊ ရေမြောင်းတွင်းရေဆိုးရေညစ်များကြောင့် သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်ဝမ်းလျှောခြင်း စသည့် ကျန်းမာရေးဆိုးကျိုးများ

ဆေးဖက်ဝင် သံပုရာသီးများ မန္တလေးဈေးကွက်မှ ဝယ်လိုအားကောင်း

ရေတာရှည်၊ မေ ၂၆
ပူပြင်းလှသည့် ယခုအချိန်အခါတွင် သံပုရာသီးရှားပါးလျှက်ရှိပြီး ယခုရက်ပိုင်းတွင် ကရင်ပြည်နယ် လိပ်သိုလ်မြို့နယ်ခွဲမှ ထွက်ရှိသည့် ဆေးဖက်ဝင်သံပုရာသီးကို မန္တလေးမြို့သို့ တင်ပို့ပေးနေရကြောင်း သိရသည်။

ရော်ဘာနှုန်းကျဆင်းမှုကြောင့် တိုးမြှင့်တင်ပို့ရောင်းချနိုင်သော်လည်း ၀င်ငွေလျော့ကျ

မြိတ် မေ ၂၆ ရက်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ရော်ဘာ၊ ဆီအုန်းနှင့် တခြားသော ဒေသထွက် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိပြီး ရော်ဘာမှာ နှစ်စဉ်ပြည်ပသို့အများဆုံးတင် ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။

မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) အတွက် ကစားသမားများရွေးချယ်

မန္တလေး မေ ၂၅
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) Goal Project အစီအစဉ်ဖြင့် အကောင်အထည်ဖော်ထားသော မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး) သင်ကြားခွင့်ရရှိခဲ့ သည့် အားကစားသမား ၄၄ ဦးကို ရွေးချယ်လိုက်ပြီဖြစ် သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခု ရွေးချယ်ထားသော ကစားသမား ၄၄ ဦးကို မေ ၂၇ ရက် အရောက် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)သို့ လာရောက်ရန် အကြောင်းကြားထားပြီး အသက်မှန်ကန်မှုမရှိသည့် ကစားသမားများကို ပြန်လည်စေလွှတ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (၄/၂၀၁၄) စည်းဝေး

နေပြည်တော်  မေ  ၂၅

မြန်မာနိုင်ငံအာဆီယံ လူမှုရေး- ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ(၄/၂၀၁၄) အစည်းအဝေးကို မေ ၂၃ ရက် မွန်းလွဲ ၁ နာရီက ယဉ်ကျေးမှု ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦအေးမြင့်ကြူက ကျင်းပခဲ့သော (၁၆)ကြိမ်မြောက် အာဆီယံလူမှုရေး-ယဉ် ကျေးမှုအသိုက်အဝန်း ကောင်စီ အဆင့်မြင့်အရာရှိကြီးများ အဆင့် အစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် အာဆီယံလူမှုရေး- ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးအဆင့် အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များ၊ စက်တင်ဘာလမှာ ကျင်းပမည့် (၁၂) ကြိမ်မြောက် ASCC  အစည်းအဝေးနှင့် ကျင်းပခဲ့သော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် ASCC Pillar 

Saturday, May 24, 2014

မြို့နယ်အခြေပြု မူလတန်းဆရာအတတ်ပညာ အထူးသင်တန်းဆင်းပွဲ တနင်္သာရီမြို့တွင် ကျင်းပ

တနင်္သာရီ မေ (၂၄) ရက်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်-တနင်္သာရီမြို့ အခြေခံပညာ အထက်တန်းကျောင်း စွယ်တော် ခန်းမဆောင်တွင် မူလတန်းဆရာအတတ်ပညာအပြည့်အ၀ရရှိစေရန် ရည်ရွယ်လျက်ဖွင့်လှစ်သင်ကြား လျက်ရှိသည့်

မြို့နယ်အခြေပြု မူလတန်းဆရာ အတတ်ပညာ အထူးသင်တန်း ဆင်းပွဲ ပုလောမြို့တွင် ကျင်းပ

ပုလော မေ ၂၄ ရက်
၂၀၁၃ -၂၀၁၄ ပညာသင်နှစ် မြို့နယ်အခြေပြု ဆရာအတတ်ပညာ အထူးသင်တန်းဆင်းပွဲကို မေလ(၂၄)ရက် နံနက်(၉)နာရီက ပုလောမြို့ အခြေခံပညာအထက်တန်းကျောင်း န၀ရတ်ခန်းမတွင် ကျင်းပရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှစိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်းက ဆရာ/ဆရာမများအား တာဝန်ကျသော ဒေသတွင် မိမိရပ်ရွာသကဲ့သို့ မျိုးဆက်သစ်လူငယ်လေးများအား စေတနာထားသင်ကြားကြစေလိုကြောင်း၊ အခက်အခဲများရှိပါက တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။ ယင်းနောက် ဒုတိယမြို့နယ် ပညာရေးမှူး ဦးကြီးမြင့်မှ ပညာရေးဌာနလုပ်ငန်းများ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှစိုးက သင်တန်းသား/သူများအား သင်တန်းဆင် လက်မှတ်များ ပေးအပ်ခဲ့ပြီး အခမ်းအနားရုပ်သိမ်းခဲ့သည်။ အဆိုပါ သင်တန်းကို ဧပြီလ(၂၃) ရက်မှ မေလ(၂၃)ရက်နေ့ အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ (၁၈၁)ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

မြို့နှင့်အလှမ်းဝေး ကျေးရွာများသို့ အရောက် နံရံကပ်စာပေ ရေချမ်းစင်များ လိုက်လံတပ်ဆင်

သထုံ ၊ မေ ၊ ၂၂

သထုံမြို့နယ်အတွင်းရှိ မြို့နှင့်အလှမ်းဝေရာ ကျေးရွာများတွင် နံရံကပ်စာပေရေချမ်းစင် (Mini Book Corner) များကို သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လိုက်လံတပ်ဆင် ပေးလျက်ရှိကြောင်း သိရသည်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် မေလ ၂၁ ရက်နေ့က သထုံမြို့နယ်အတွင်းရှိ အောက်ကွင်းကျေးရွာများဖြစ်သည့် တောကြီးကျေးရွာနှင့် သောင်ကြီးကျေးရွာ များတွင် စာစဉ် ၁၃ မျိုးပါရှိသည့် Mini Book Corner များကို မြို့နယ်ဦးစီးမှူး ဒေါ်သူဇာအောင်နှင့် ဝန်ထမ်းများက လိုက်လံတပ်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး တောကြီးကျေးရွာနေ မခင်မြင့်က “ကျွန်မမြို့ပေါ် ရောက်တဲ့အချိန်က ဈေးမှာထားတာတွေ့လို့ အရမ်းစိတ်ဝင်စားတာနဲ့ ဝင်ဖတ်ပြီးပါပြီ။ ကျွန်မတို့ ကျေးရွာမှာ လာထားပေးလိမ့်မယ်လို့ ထင်မထားဘူး၊ အခုလိုကျေးရွာမှာ လစဉ်ဖတ်ရတော့မယ် ဆိုတာသိရတော့ ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ ရွာမှာစာဖတ်ချင်ပေမယ့် စာအုပ်ကရှားတယ်၊ လယ်ယာလုပ်ငန်းခွင်ကအပြန်မှာ စာဝင်ဖတ်နိုင်ပြီ၊ ရွာထဲသွားရင်းလာရင်းနဲ့လည်း လွတ်လွတ် လပ်လပ် စာအုပ်ဖတ်နိုင်ပြီ ဆိုတော့ အခုလိုစီစဉ်ပေးတာ ကျေးဇူးအရမ်းတင်ပါတယ် ဟု ပြောကြားသည်။

နယ်လှည့်နံရံကပ် စာပေရေချမ်းစင်များ တိုးချဲ့ဖွင့်လှစ်

တနင်္သာရီ မေ ၂၃ ရက်
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ခရီးသွားပြည်သူ အများခရီးသွားလာရင်း အချိန်ကို အကျိုးရှိစွာ စာဖတ်ခြင်းဖြင့် အသုံးချနိုင်ရန်နှင့် ဒေသခံ မိဘပြည်သူများ အနေဖြင့် ခရီးသွားလာရင်း စာပေ ဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရန်

ခမောက်ကြီးတပ်နယ် စစ်သည်များ ကျောင်းပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ခမောက်ကြီး ၊ မေ ၂၂ ရက်
တနင်္သာရီတိုင်ဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ခမောက်ကြီးမြို့နယ်ခွဲ အခြေခံပညာ အထက်တန်းကျောင်း ၀င်းအတွင်း မေ ၂၂ ရက်နေ့ က ခမောက်ကြီးတပ်နယ် မှ စစ်သည်များ စုပေါင်းသန့်ရှင်းရေးတွင် ပြုလုပ်ဆောင်ရွက် သည်။

မော်လမြိုင်-သထုံ-ရန်ကုန် ခရီးသည်တင် မှန်လုံယာဉ်လိုင်းအား စစ်ဆေး

သထုံ ၊ မေ ၊ ၂၃
မွန်ပြည်နယ်၊ သထုံမြို့အခြေစိုက် မော်လမြိုင်-သထုံ-ရန်ကုန် ခရီးစဉ်ပြေးဆွဲနေသော “ဝင်း” မှန်လုံ အမြန်ယဉ်လိုင်း တွင် ပြေးဆွဲနေသော ယဉ်များအား စတင်ထွက်ခွာရာ ဂိတ်အရှေ့မှ မထွက်ခွာမှီ နာရီဝက်အလိုတွင် ခရီးသွားပြည်သူ များ

ကော့သောင်းမြို့တွင် မုန်တိုင်း သတိပေးချက်များ မြို့နေ ပြည်သူများသို့ အသိပေးထုတ်ပြန်

ကော့သောင်း ၊ မေ ၂၂ ရက်

၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့တွင် တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့၌ ပြန်/ဆက်ဦးစီးဌာနမှ ၀န်ထမ်းများ အနေဖြင့် ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းဖြစ်ပေါ်ရွေ့လျားမှု၊ မိုးလေ၀သ အခြေအနေများနှင့် ပတ်သက်၍ မုန်တိုင်းသတိပေးချက်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေး ၀န်ကြီးဌာနမှ ထုတ်ဝေဖြန့်ချီသည့် မုန်တိုင်း ဖြစ်ပေါ်လာပါက ဆောင်ရန်/ရှောင်ရန် အရေးပေါ် အခြေအနေ နံရံကပ်စာစောင်များ၊ မုန်တိုင်း တိုက်ခတ်ပြီးနောက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မြို့နေပြည်သူများ သတိထားနိုင်ကြရန် ဦးစီးဌာန မြေစိုက် နံရံကပ်ဘုတ်တွင် သတိပေးပိုစတာများ ခင်းကျင်းပြင်ဆင် သတိပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေ ပညာပေးခြင်း၊ မြို့နယ်အတွင်း ပင်လယ်ကမ်းစပ် နေရာများတွင် နေထိုင်သည့် ပြည်သူများ သတိရှိစွာနေထိုင်ကြရေး လိုက်လံ နှိုးဆော် အသိပေးလျှက်ရှိကြောင်း သတင်းရရှိသည်။

မြေငလျင် သတင်း



၂၀၁၄ ခုနှစ်၊ မေလ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၃) နာရီ၊ (၁၉) မိနစ်၊ (၅၀) စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် (၂၄၀) ခန့်

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံကိန်းများ ဆောင်ရွက်နေ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ် ပေါ်နေသော မုန်တိုင်းငယ်သည် နောက်ဆုံး အခြေအနေအရ အနောက်တောင်ဘက် သို့ ရွေ့လျားခဲ့ပြီး အားလျော့သွားခဲ့ကာ ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်း တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက် လက်တည်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ဝင်စားသူများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်





နေပြည်တော် မေ ၂၃
ဖိလစ်ပိုင်သမ္မတနိုင်ငံ မနီလာမြို့၌ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း သည် မေ ၂၂ ရက် ညနေ ၃ နာရီတွင် မနီလာမြို့ ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည့် (၂၃) ကြိမ်မြောက် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်ဖွင့်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

ဘင်္ဂလားပင်လယ်အော် အခြေအနေ

ယနေ့မြန်မာနိုင်ငံ စံတော်ချန် (၀၆း၀၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၏ သတင်းထုတ်ပြန်ချက်များ အရ သိရှိရပါသည်။

VIP Portable Rest Room Trailer တစ်စီး လှူဒါန်း

နေပြည်တော်-မေ(၂၃)

နိုင်ငံတော်အခမ်းအနားများနှင့် အစည်းအဝေးများကျင်းပရာတွင် အသုံးပြုနိုင်ရန်အတွက် အမေရိကန်နိုင်ငံလုပ် VIP Portable Rest Room Trailer တစ်စီးအား ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော် စည်ပင်သာယာရေး ကော်မတီသို့ Authentic Company Ltd; မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်မိုးဟိန်းနှင့်တာဝန်ရှိသူတို့က လာရောက်လှူဒါန်းရာ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးသန်းကျော်ထူး၊ အတွင်းရေးမှူး ဦးဝင်းဌေးနှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြ ကြောင်းသတင်းရရှိသည်။

MWD ရုပ်သံလိုင်းအား မည်သည့်VHF Antenna နှင့်မဆို ဖမ်းယူကြည့်ရှုနိုင်

နေပြည်တော်-မေ(၂၃)
မြ၀တီရုပ်မြင်သံကြား MWD ရုပ်သံလိုင်းအား 10KW Transmitter ဖြင့် ရန်ကုန်မြို့(ဘောက်ထော်)ရှိ မြ၀တီရုပ်မြင်သံကြား Digital  ထပ်ဆင့်လွှင့်စက်ရုံသို့ ပြောင်းရွှေ့ ထုတ်လွှင့်ပေးလျက်ရှိသဖြင့် ယခုအခါ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်ရှိ မိဘပြည်သူများအနေဖြင့် မြ၀တီရုပ်မြင် သံကြား MWD ရုပ်သံလိုင်းအား မည်သည့် VHF  Antenna နှင့်မဆို ကြည်လင်ပြတ်သားစွာ အလွယ်တကူ ဖမ်းယူကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

အားကစားစိတ်ပညာဆိုင်ရာ အဆင့်မြင့်သင်တန်းဖွင့်လှစ်

ရန်ကုန်-မေ(၂၃)
အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော အားကစားစိတ်ပညာဆိုင်ရာ အဆင့်မြင့်သင်တန်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားရုံ မြောက်ဒဂုံ၌ မေ(၁၆)ရက်မှ (၂၃)ရက်အထိ ဖွင့်လှစ်ရာ အဆိုပါသင်တန်းသို့ အားကစား ဝန်ကြီးဌာနမှ

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ASEAN-CHINA CENTRE အတွင်းရေးမှူးချုပ်အား လက်ခံတွေ့ဆုံ

နေပြည်တော်-မေ(၂၃)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ASEAN-CHINA CENTRE အတွင်းရေးမှူးချုပ် Mr. Ma Mingqiang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Friday, May 23, 2014

မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများဆွေးနွေး

နေပြည်တော်-မေ(၂၃)
 မြန်မာ့ပုလဲလုပ်ငန်း ဥပဒေကြမ်း ညှိနှိုင်းအစည်းအဝေးကို မေ ၂၃ ရက် နံနက် ၁၀ နာရီတွင် လွှတ်တော်ရုံး အိုင်ဆောင် အမှတ် ၂ ၌ ကျင်းပရာ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးလွန်းသီ၊ အတွင်းရေးမှူး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များနှင့် ဥပဒေကြမ်းကော်မတီ၊ ကော်မတီ ဝင်များ တက်ရောက်ကြသည်။

မုန်တိုင်းငယ် အားလျော့သွားကာ လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်တည်ရှိ

နေပြည်တော်-မေ(၂၃)
ယနေ့ မွန်းလွဲ (၁၂)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး အားလျော့သွားခဲ့ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်တည်ရှိနေသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ASEAN-CHINA CENTRE အတွင်းရေးမှူးချုပ်အား လက်ခံတွေ့ဆုံ



နေပြည်တော် မေ ၂၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ASEAN-CHINA CENTRE အတွင်းရေးမှူးချုပ် Mr. Ma Mingqiang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ဆပ်ကော်မတီ (Delivery Unit) သို့ မေးမြန်း အကြံပြုချက်များ အပေါ် သက်ဆိုင်ရာ ဌာနများ၏ ဆောင်ရွက်ချက်များအား ထုတ်ပြန် ကြေညာခြင်း



စက်မှုဝန်ကြီးဌာန (ချင်းပြည်နယ်)
“စပျစ်သီးမှာ အရည်အသွေး ကောင်းမွန်သည့် စပျစ်ဝိုင် ထုတ်လုပ် ဖြန့်ဖြူးရောင်းချနိုင်ရန် သင်တန်းများ ပို့ချ ဖွင့်လှစ် ပေးနိုင်ခြင်း ရှိ၊ မရှိ” မေးမြန်းချက် အပေါ် ဆောင်ရွက်မှု အခြေအနေ
အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ဆပ်ကော်မတီနှင့် စက်မှု ဝန်ကြီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနတို့၏ ကြီးကြပ်မှုဖြင့် မြန်မာ SME လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အောက်ပါ ကဏ္ဍများ အလိုက် ဆောင်ရွက်လျက် ရှိပါသည် -
            (က)      လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် တီထွင်ဖန်တီးမှု စွမ်းရည် မြှင့်တင်ရေး (Human Capital Development and Innovation)
            (ခ)        နည်းပညာ ဖွံ့ဖြိုးမှုနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပေါ်ထွန်းနိုင်ရေး (Technology Adoption and Entrepreneurship Development)
            (ဂ)        ဘဏ္ဍာရေး အရင်း အမြစ်များ ရရှိရေး (Access to Financing)
            (ဃ)      အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး (Infrastructure)
            (င)        ဈေးကွက်ဝင်ဆံ့မှု ရရှိစေရေး အတွက် လုပ်ငန်းဈေးကွက် အထောက်အကူ ပေးနိုင်ရေး (Market Access)
            (စ)        သင့်လျော်သော အခွန်အကောက်နှင့် လုပ်ထုံးလုပ်နည်းများ ဆိုင်ရာ ထောက်ပံ့ပေးနိုင်ရေး (Legal and Regulatory Environment)
ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့်လည်းကောင်း၊ ပြည်တွင်းပညာရှင်များနှင့် လည်းကောင်း၊ အာဆီယံ စီမံကိန်းများ အရ လည်းကောင်း၊ သင်တန်းများပေးခြင်း၊ နည်းပညာ လွှဲပြောင်းခြင်းများ ပြုလုပ်ပေးလျက် ရှိပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ စက်မှုဇုန်များတွင် Entrepreneurship သင်တန်းများ၊ Cluster Development သင်တန်းများ၊ General Procurement သင်တန်းများ၊ Financial Management သင်တန်းများ ပို့ချပေး လျက်ရှိပါသည်။
ဒေသအလိုက် Potential အလိုက် Pilot Project များ ရွေးချယ် ဆောင်ရွက်လျက်ရှိပြီး UNIDO နှင့် ပူးပေါင်းလျက် Textitle, Rubber, Lacquer Were, Garment Sectors များ တွင်လည်းကောင်း၊ ဂျာမနီနိုင်ငံ GIZ နှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်ရှိ သီးနှံများ Value Added ထုတ်လုပ်ရေး အတွက် သရက်သီးနှင့် လက်ဖက် ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ပေးလျက် ရှိပါသည်။ လက်ရှိ ဆောင်ရွက်လျက် ရှိသော Pilot Project များသည် ပြင်ပ မိတ်ဖက်အဖွဲ့များ၏ ကူညီပံ့ပိုးမှုများအရ ဆောင်ရွက်လျက်ရှိပြီး စပျစ်သီး Sector ပါဝင်ခြင်း မရှိသေးပါ။
ကိုရီးယားနိုင်ငံ၊ ကိုရီးယား အမျိုးသား နည်းဗျူဟာ တက္ကသိုလ်နှင့် Gunhong International Co.,Ltd မှာ မြန်မာ SME များသို့ နည်းပညာ ပံ့ပိုးပေးရန် အတွက် စစ်တမ်းများ ကောက်ယူ၍ နည်းပညာ ပံ့ပိုးပေးလျက်ရှိရာ ၂၀၁၃-၂၀၁၄ ခုနှစ် အတွင်း လုပ်ငန်းရှင် ခုနစ်ဦးအား ပံ့ပိုးပေးနိုင်ခဲ့ပြီး၊ ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း လုပ်ငန်းရှင် ၁၀၀ ဦးအား နည်းပညာပိုင်း ဆိုင်ရာ ပံ့ပိုးပေးမည်ဖြစ်၍ သတင်းစာများ၊ Media များမှတစ်ဆင့် ဖိတ်ခေါ်ခြင်းဖြင့် ပံ့ပိုး ပေးလျက်ရှိရာ စပျစ်သီးမှ အရည်းအသွေး ကောင်းမွန်သည့် စပျစ်ဝိုင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလိုသော လုပ်ငန်းရှင်များ အနေဖြင့် အမှတ်(၃၅- B/၁၅)၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဌာနတွင် Questionnary Survey Form လာရောက် ဖြည့်စွက်၍ Gunhong International Co.,Ltd နှင့် ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း ဖော်ပြ အပ်ပါသည်။