Thursday, April 24, 2014

မြန်မာကိုယ်စားပြု Miss Universe 2014 ပြိုင်ပွဲကျင်းပမည်

မြန်မာ့အလှမယ်များ နိုင်ငံတကာအလှမယ်ပြိုင်ပွဲများသို့ တက်လှမ်း ယှဉ်ပြိုင်နေကြပြီဖြစ်သည်။ မြန်မာဆန်ဆန် လှပကြော့ရှင်းမှုအပြင် နိုင်ငံတကာ အလှမယ်များကဲ့သို့ စံနှုန်းကိုက်ခန္ဓာကိုယ်ဖွဲ့စည်းမှုနှင့် ဉာဏ်ရည်ထက်မြက် မှုများလည်းရှိနေကြရာ မြန်မာအမျိုးသမီးများ နိုင်ငံတကာအလှမယ်ပြိုင်ပွဲများ၌ ပွဲလယ်တင့်စွာ ယှဉ်ပြိုင်လျက်ရှိ
သည်။
မြန်မာအမျိုးသမီးအလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် Miss Universe 2014 အတွက် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်ရွေးချယ်ပွဲကိုလာမည့်ဇူလိုင်လအတွင်း ရန်ကုန်မြို့၌ကျင်းပရန် စီစဉ်ထားပြီဖြစ်သည်။
“Miss Universe 2014 အတွက် ပြိုင်ပွဲဝင်အမျိုးသမီးတွေကို ပြီးခဲ့တဲ့ မတ်လကတည်းက လျှောက်လွှာခေါ်ယူထားပါတယ်။ အခုလျှောက်လွှာတွေ အတော်လေးရရှိထားပြီးဖြစ်လို့ လာမယ့်မေလ ၂၀ရက် နောက်ဆုံးထားပြီး လက်ခံမှာဖြစ်ပါတယ်” ဟု အဆိုပါရွေးချယ်ကျင်းပမည့် HELLO MADAM မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုချန်လင်းသူက ပြောသည်။
ပြီးခဲ့သည့် Miss Universe 2013  ပြိုင်ပွဲဝင်ရန် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် မိုးစက်ဝိုင်ရွေးချယ်ခံရပြီးနောက် ရုရှားနိုင်ငံ မော်စကိုမြို့သို့ သွားရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ ထိုသို့ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းမှာ Miss Universe 2014  ဆုမရရှိခဲ့သော်လည်း မြန်မာအမျိုးသမီးများ၏ လှပမှုနှင့် ဉာဏ်ရည်ထက်မြက်မှုအပြင် နိုင်ငံတကာမှ ပြိုင်ပွဲဝင် အလှမယ်များနှင့် ရင်ပေါင် တန်း ယှဉ်ပြိုင်နိုင်ခဲ့သည်။
“Miss Universe 2014 ပြိုင်ပွဲကိုတော့ ဘရာဇီးနဲ့အင်္ဂလန်နိုင်ငံ နှစ်နိုင်ငံ အနက် တစ်နိုင်ငံမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ကျင်းပမယ့်နိုင်ငံ မသေချာသေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဘရာဇီးနိုင်ငံမှာက ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ ဖို့ရှိနေတော့ ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေ ချိန်ဆ စဉ်းစားနေကြတယ်။ ဆွေးနွေးဆုံးဖြတ်ပြီးရင်တော့ တိတိ ကျကျ ပြောနိုင်မှာပါ။ ကျွန်တော်တို့ အမြဲမပြတ် ဆက်သွယ်မှုတွေပြုလုပ်နေပါတယ်” ဟု ကိုချန်လင်းသူက ပြောသည်။
Miss Universe ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက် ရှိရာ နှစ်တစ်နှစ်၏ နောက်ဆုံးလများဖြစ်သည့် နိုဝင်ဘာ နှင့် ဒီဇင်ဘာလများတွင် ကျင်းပလေ့ရှိသည်။ ယခု ၂၀၁၄ ခုနှစ်အတွက်လည်း လာမည့်နိုဝင်ဘာနှင့် ဒီဇင်ဘာလများ တွင် ဘရာဇီး သို့မဟုတ် အင်္ဂလန်နိုင်ငံတွင် ကျင်းပမည် ဖြစ်သည်။
Miss Universe 2014 အတွက် မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ရွေးချယ်ရန် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ကျင်းပရန် စီစဉ်ထားသည်။ ပြိုင်ပွဲဝင်အလှမယ်များသည် အသက် ၁၈ နှစ်မှ ၂၆ နှစ်အတွင်း ဖြစ်ရမည်ဖြစ်ပြီး ခန္ဓာကိုယ် ဖွဲ့စည်းမှုနှင့် အရပ်အမောင်းများမှာ ယခင်နှစ်က လျှောက်လွှာခေါ်ယူခဲ့သည့် သတ်မှတ်ချက် အတိုင်းပင် ဖြစ်သည်။
“ပြီးခဲ့တဲ့နှစ်က သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အတွေ့ အကြုံနဲ့ သင်ခန်းစာတွေကိုရယူပြီး ဒီနှစ်ပြိုင်ပွဲမှာ အကောင်းဆုံး ဖြစ်အောင်တော့ ကျွန်တော်တို့ စနစ်တကျ ရွေးချယ်လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်”ဟု ၄င်းက ဆက်လက်ပြောကြားသည်။
မြန်မာအမျိုးသမီး အလှမယ်များ၊ နိုင်ငံတကာ အလှမယ်များပြိုင်ပွဲများ၌ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် ပံ့ပိုးကူညီမှုများ၊ ယှဉ်ပြိုင်ရွေးချယ်မှုများဖြင့် ကြိုးစား နေကြပြီဖြစ်သည်။

No comments:

Post a Comment