Monday, April 21, 2014

ဈေးချိုဟိုတယ် ဒုတိယထပ်၌ မီးလောင်မှုဖြစ်ပွား

မန္တလေး ဧပြီ ၂၀
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၈၄)လမ်း၊ (၂၇_၂၈) လမ်းကြား ချမ်းအေးသာစံအလယ်ရပ်ကွက်ရှိ ဈေးချို ဟိုတယ်၌ ယနေ့နံနက်၂ နာရီ မိနစ် ၄၀ က မီးလောင်မှုဖြစ်ပွားခဲ့ရာ ဈေးချိုဟိုတယ်ဒုတိယထပ် ငွေစာရင်း အခန်းနှင့် တွဲလျက်ရှိသော ကွန်ပျူတာနှင့် WiFi လွှင့်ထားသောအခန်းရှိ လျှပ်စစ်ဝါယာကြိုးများ ဆက်သွယ် ထားသော နံရံမှ မီးလောင်ကျွမ်းခဲ့သဖြင့် မီးသတ်ယာဉ် ၆၅ စီးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ၊ တာဝန်ရှိ သူများက ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် ဒုတိယထပ်ရှိ ပေ(၂၀_၃၅)အကျယ်ရှိ အခန်းနှင့် ဟိုတယ်မျက်နှာစာအပြင်WiFi Server စက်တစ်စုံ၊ ကွန်ပျူတာ ငါးလုံး၊ လက်နှိပ် စက်တစ်လုံး၊ အသားဗီရို နှစ်လုံး၊ ကွန်ပျူတာတင်စားပွဲကိုးလုံး၊ မီးခံသေတ္တာ နှစ်လုံး၊ လိုက်ကာနှစ်စုံ၊ ဗီရိုအတိုခြောက်လုံး၊ အဲကွန်း လေးလုံး၊ CCTV  ကင်မရာ တစ်လုံး၊ အလူ မီနီယံစားပွဲခုံ ၁၁ လုံး၊ သစ်သားထိုင်ခုံ ၁၅ လုံး၊ဆုံလည် ဆိုဖာကုလားထိုင် ငါးလုံး၊ Set up transfer10 KW  တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း နှင့်ဟိုတယ်တွင် လာရောက်တည်းခိုနေသော ဧည့်သည်ဒေါ်နှင်းနှင်းလွင်၊ မောင်ထူးထက်ဦး၊ ကိုကျော်ခိုင်ဆွေ၊ဒေါ်မြသိန်းနှင့် ဟိုတယ်ဝန်ထမ်း မနန်းမိုးဟိန်းတို့ အသက်ရှူကျပ်မှုဖြစ်ပွား ခဲ့ပြီး ဟိုတယ်ဝန်ထမ်း ဒေါ်တင့်ဆွေမှာယာဘက်လက်မောင်းနာကျင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ဟိုတယ် ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်သူရိန်(၄၀)နှစ်အား အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။


No comments:

Post a Comment